အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့ရှိ အိန္ဒိယသံရုံးကို တနင်္လာနေ့က အသေခံ ကားဗုံးခွဲတိုက်ခိုက်ရာ သေဆုံးသူနှင့်ဒဏ်ရာရရှိသူ အနည်းဆုံး ၁၅ ဦးခန့်ရှိသည်ဟု တာဝန်ရှိသူများနှင့် အာဖဂန်သတင်းဌာနများက ပြောကြားသည်။
အနောက်နိုင်ငံများက ထောက်ခံပေးသော အာဖဂန်နစ္စတန်အစိုးရကို ဖြုတ်ချရန်နှင့် နိုင်ငံခြားတပ်ဖွဲ့များကို မောင်းထုတ်ရန်အတွက် ယခုနှစ်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကို တိုးမြှင့်လုပ်ဆောင်သွားရန်တာလီဘန်သူပုန်များက သန္နိဌာန်ချထားသည်ဟု ဆိုသည်။
အိန္ဒိယသံရုံးသည် အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာနနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။သို့သော်ဗုံးခွဲသူသည် ပြည်ဝင်ခွင့်လက်မှတ်အတွက် တန်းစီစောင့်ဆိုင်းနေကြသော ဒါဇင်ပေါင်းများစွာရှိသည့် သံရုံးဘက်ခြမ်းလမ်းကို အသေခံကားဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။အသေအပျောက်စာရင်းကိုမူ ပြောကြားခြင်းမရှိပေ။
ပုဂ္ဂလိကပိုင်ရှင်သံက လူ ၁၅ ဦးခန့်သည် သေဆုံး(သို့မဟုတ်) ဒဏ်ရာရရှိသွားဟု ကြေညာသည်။ဆေးရုံအရေးပေါ်ဌာန၏ ပြောကြားချက်ကို ကိုးကား၍ ဒဏ်ရာရရှိသူ ၂၀ ခန့် ဆေးရုံသို့ ရောက်ရှိလာသည်ဟု ထပ်မံကြေညာသွားသည်။
ဗုံးပေါက်ကွဲရာနေရာမှ မီးခိုးလုံးကြီးများ တက်လာပြီး ရဲတပ်ဖွဲ့က ထိုနေရာတစ်ဝိုက်ကို ရှင်းလင်းလျက်ရှိကြောင်း ဆက်လက်ကြေညာသည်။
စီအင်န်အင်န်သတင်းဌာနမှ နောက်ပိုင်းထုတ်ပြန်သော သတင်းအရ အနည်းဆုံး ၄၀ ဦးသေဆုံးကြောင်းးသိရသည်။
Wednesday, July 9, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment