လေဘေးသင့်ပြည်သူများအတွက် ပြည်တွင်းပြည်ပမှ စေတနာရှင်အလှူရှင်များက အလှူငွေများက ဆက်လက်လှူဒါန်းလျက်ရှိရာ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန မြန်မာနိုင်ငံတော် ဗဟိုဘဏ် (ရန်ကုန်ရုံးခွဲ) အလှူခံဌာနသို့ ယမန်နေ့က လာရောက်လှူဒါန်းကြသော အလှူငွေများကို ဘဏ္ဍာငွေလက်ခံရေးနှင့် ထုတ်ပေးရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးကြီးလှသိန်းဆွေ ကိုယ်စား မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက လက်ခံသည်။
အလှူရှင်များမှာ QED International FZLTC Dubai, UAE က အမေရိကန်ဒေါ်လာ ၂၀၀၊ ကိုရီးယားသမ္မတနိုင်ငံ အလှူရှင်များက ဆိုးလ်မြို့ မြန်မာသံရုံးမှ တစ်ဆင့် အမေရိကန်ဒေါ်လာ ၁၀၉၅၉၁ ဒသမ ၆၈နှင့် ယူရိုငွေ ၂၅၀၈ ဒသမ ၉၆၊ GPVO "TYAZIIPROMEK SPORI" Moscow, Russia က ယူရိုငွေ ၁၅၆၂၅၀ တို့ဖြစ်သည်။
ယမန်နေ့က လက်ခံရရှိသည့် အလှူငွေစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၀၉၇၉၁ ဒသမ ၆၈နှင့် ယူရိုငွေ ၁၅၈၇၅၈ ဒသမ ၉၆ တို့ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment