Friday, July 25, 2008

မြို့ပြနှင့် ကျေးလက် တစ်ဆက်တစ်စပ်တည်း ဖွံ့ဖြိုးရေး နိုင်ငံတော်နှင့်အတူ စေတနာရှင်များလက်တွဲ ပါဝင်ဆောင်ရွက်

နိုင်ငံတော်အစိုးရသည် ပြည်ထောင်စု ကြီးတစ်ခုလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထားဖော်ဆောင်လျက်ရှိသည်။
ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်မှု ကောင်းမွန် ရေးအတွက် ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ပေးလျက်ရှိသကဲ့သို့ ကျေးလက်နှင့် မြို့ပြဆက်သွယ်သည့် လမ်းများ၊ မြစ်ကူး ၊ ချောင်းကူး တံတားများ နိုင်ငံအနှံ့ ဖောက်လုပ်ထားတည်ဆောက် ပေးခဲ့ရာ ကျေးလက်ပြည်သူများ၏ ကူးသန်းသွားလာမှု လွယ်ကူချောမွေ့နေပြီဖြစ်သည်။
မန္တလေးတိုင်း တောင်သာမြို့နယ် ရုံးတောကျေးရွာ ကျောက်တစ်လုံးရေလှောင်တမံ ရိုးဖြတ်ကူးတံတားသစ်ကို ဇူလိုင် ၁၃ရက်နေ့က ဖွင့်လှစ်ခဲ့ရာ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး လုပ်ငန်းများအတွက် များစွာအထောက်အကူပြုလျက်ရှိသည် ။ ထို့အပြင် ပဲခူးတိုင်း အုတ်တွင်းမြို့နယ် လက်စွပ်ကျကျေးလက်လမ်း ကျောက်ချောလမ်းသစ်၊ ကရင်ပြည်နယ် မြ၀တီမြို့နယ် အမှတ်(၅) ရပ်ကွက် သုခလမ်း ကတ္ကရာလမ်းသစ်၊ တနင်္သာရီတိုင်း မြိတ်မြို့နယ် ကလွင်-တောင်ပြိုဝကရှက်ကျေးရွာ ကျေးရွာချင်းဆက် ကျောက်ချောလမ်းသစ် စသည့်ကျေးလက်လမ်းများ ဖွင့်လှစ်ပေးခဲ့သည်။
ထို့အတူ ဒေသအလိုက် အခြေခံ ပညာကျောင်းဆောင်သစ်များ ၊ ကျေးလက်ဆေးပေးခန်းများ ၊ ကျေးရွာလျှပ်စစ် မီးလင်းရေးလုပ်ငန်းများကို တို့မြှင့်တည်ဆောက် ပေးလျက်ရှိရာ ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာရှင် ပြည်သူများကလည်း ကျောင်းသုံးစာရေးကိရိယာများ ၊ ဆေးဝါး နှင့် ၀တ်စုံများကို ၀ိုင်းဝန်းပါဝင် ဖြည့်ဆည်းပေး လျက်ရှိသည်။
ကျေးလက်လမ်းသစ်များ တိုးချဲ့ဖောက်လုပ်ပေးခဲ့သဖြင့် မိုင်ပေါင်းထောင်ကျော် သာရှိခဲ့ရာမှ ယခုအခါ မိုင်သောင်းချီ၍ ဖြစ်ထွန်းလာပြီဖြစ်၍ ကျေးလက်နှင့် မြို့ပြကူးသန်းသွားလာမှု ပိုမိုအဆင်ပြေနေပြီ ဖြစ်သည်။
၁၉၈၈ခုနှစ်က မြို့ပြနှင့် ကျေးလက်လမ်း မိုင်ငါးထောင်ကျော်သာရှိခဲ့ရာမှ ယခုအခါ မိုင်သောင်းချီ၍ ဖြစ်ထွန်းလာပြီဖြစ်၍ ကျေးလက်နှင့် မြို့ပြကူးသန်းသွားလာမှု ပိုမိုအဆင်ပြေနေပြီဖြစ်သည်။
ဤသို့ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ကြီးများတွင် နိုင်ငံတော်နှင့်အတူ စေတနာရှင်၊ အလှူရှင်များက တစ်တပ်တစ်အား ၀ိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြခြင်းဖြင့် မြို့ပြနှင့်ကျေးလက်ဒေသများ တစ်ဆက်တစ်စပ်တည်း ဖွံ့ဖြိုးစည်ပင်လာမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments: