မုန်တိုင်းသင့်ပြည်သူများအတွက် နိုင်ငံတကာမှထောက်ပံ့ပစ္စည်းများ အချိန်တိုအတွင်း စက်အင်အားဖြင့်ချ၍ အချိန်မီပို့နိုင်ရေး မြေပြင်ဆိုင်ရာလုပ်ငန်းသုံး အထောက်အကူပြုပစ္စည်းမျာပေးအပ်
ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့လေကြောင်းအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အသုံးပြုရန် မြေပြင်ဆိုင်ရာ အထောက်အကူပြုယာဉ်ယန္တရား ပေးအပ်လှူဒါန်းပွဲကို ဇွန်၂၆ရက် ညနေ၃နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။
မုန်တိုင်းသင့်ပြည်သူများအတွက် နိုင်ငံတကာမှ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသော လေယာဉ်ကြီး များသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆက်မပြတ်ဆင်းသက်လျက်ရှိရာ ထိုသို့ လေယာဉ်ကြီး များဆင်းသက်စဉ်လေယာဉ်များပေါ်မှ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို အချိန်တိုအတွင်း စက်အင်အား ဖြင့်ချ၍ သက်ဆိုင်ရာဒေသများသို့ အချိန်မီပေးပို့နိုင်ရေးအတွက် ရည်ရွယ်ကာ စင်ကာပူသမ္မတနိုင်ငံမှ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရသို့ လှူဒါန်းခြင်းဖြစ်သည်။
ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့လေကြောင်းအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အသုံးပြုရန် မြေပြင်ဆိုင်ရာ အထောက်အကူပြုယာဉ်ယန္တရား ပေးအပ်လှူဒါန်းပွဲကို ဇွန်၂၆ရက် ညနေ၃နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။
ဂုဏ်ပြုလွှာ
အစီအစဉ်အရ အလှူရှင်စင်ကာပူသမ္မတနိုင်ငံကိုယ်စား ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံသံအမတ်ကြီး H.E.Mr.Robert Chua က မြေပြင်ဆိုင်ရာ လုပ်ငန်းသုံး အထောက်အကူပြု ပစ္စည်းများကို ပေးအပ်ရာ ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီးကိုယ်စား ဒုတိယ၀န်ကြီးဥာဏ်ထွန်းအောင်က လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။(အထက်ပါပုံ)မုန်တိုင်းသင့်ပြည်သူများအတွက် နိုင်ငံတကာမှ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသော လေယာဉ်ကြီး များသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆက်မပြတ်ဆင်းသက်လျက်ရှိရာ ထိုသို့ လေယာဉ်ကြီး များဆင်းသက်စဉ်လေယာဉ်များပေါ်မှ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို အချိန်တိုအတွင်း စက်အင်အား ဖြင့်ချ၍ သက်ဆိုင်ရာဒေသများသို့ အချိန်မီပေးပို့နိုင်ရေးအတွက် ရည်ရွယ်ကာ စင်ကာပူသမ္မတနိုင်ငံမှ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရသို့ လှူဒါန်းခြင်းဖြစ်သည်။
ယာဉ်ယန္တရား
လှူဒါန်းသည့် ပစ္စည်းများမှာ ယာဉ်ယန္တရားလေးမျိုး၊အရေအတွက်အားဖြင့် ၁၉ခုဖြစ်ပြီး တန်ဖိုးငွေမှာ အမေရိကန် ဒေါ်လာ ၃၄၁၁၀၀ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment