မုန်တိုင်းသင့်ပြည်သူများအတွက် ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်၊ အလှူရှင်များက အလှူငွေများကို ဆက်လက်လှူဒါန်းလျက်ရှိရာ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန မြန်မာနိုင်ငံတော် ဗဟိုဘဏ်(ရန်ကုန်ရုံးခွဲ) အလှူငွေ လက်ခံရာဌာနသို့ ယနေ့ လာရောက်လှူဒါန်းကြသော အလှူငွေများကို ဘဏ္ဍာငွေလက်ခံရေးနှင့် ထုတ်ပေးရေးဆပ်ကောင်မတီ ဥက္ကဌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဗိုလ်မှူးကြီးလှသိန်းဆွေက လက်ခံသည်။
အလှူရှင်များမှာ ဒုတိယဗိုလ်မှူးကြီးလင်းအောင်နှင့် ဒေါ်သန်းသန်းအေး(နေပြည်တော်)က ငွေကျပ်တစ်သိန်း၊ ကွယ်လွန်သူ ဦးဇော်ဝင်းမောင်အား ရည်စူး၍ ဦးရဲမြင့်သန်း၊ ဦးမောင်မောင်ဆန်း၊ ဒေါ်သန်းသန်းဝင်း၊ ဒေါ်စန်းစန်းဝင်း မောင်နှမတစ်စု (ချောက်မြို့)က ငွေကျပ်တစ်သိန်း၊ ကွယ်လွန်သူ မိခင်ကြီး ဒေါ်အမာအား ရည်စူး၍ သားဦးဇော်ဝင်းနှင့် ဒေါ်စန်းမြင့်မြင့် မိသားစု (ဗဟန်းမြို့နယ်)က ငွေကျပ် ၁၁၀၀၀၀ နှင့် ဦးပဏ္ဏ၀ံသ (သူရိယစန္ဒာတောရကျောင်း) နှင့် နောင်ကုလားကျေးရွာသူ ကျေးရွာသားများက ငွေကျပ် ၂၁၅၀၀၀၀ အပါအ၀င် အလှူငွေစုစုပေါင်း ငွေကျပ် ၂၄၆၀၀၀၀ လှူဒါန်းကြကြောင်း သတင်းရရှိသည်။

No comments:
Post a Comment