လေဘေးသင့်ပြည်သူများအတွက် ပြည်တွင်း၊ပြည်ပမှ စေတနာရှင်၊အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများကို နေ့စဉ် လှူဒါန်းလျက်ရှိသည်။
ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် စွယ်တော်မြတ်စေတီအနီး မီးသတ်ဦးစီးဌာန (ရုံးချုပ်) ရှိ အလှူငွေနှင့် ပစ္စည်းများ လက်ခံရေးနှင့် ကြီးကြပ်ရေးအဖွဲ့သို့ အလှူရှင် စိန်အင်တာပရိုက်(စ်)(သွင်းကုန်/ထုတ်ကုန်) ကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးစိန်ဦးနှင့် Known-You Seed Co.,Ltd မှ အထွေထွေမန်နေဂျာ Mr.Kuo Kun Shih တို့က အမေရိကန်ဒေါ်လာ ၄၆၆၂၄ ဒသမ ၁ တန်ဖိုးရှိ ဟင်းသီးဟင်းရွက် သစ်သီးဝလံမျိုးစေ့များ၊ဦးစံကြည် ၊ဒေါ်လှိုင်လှိုင်ဦး(နွေစန္ဒာဘ်ေဒါ၊ပြင်ဦးလွင်)မိသားစုကလူနေအိမ်တစ်လုံးအတွက် ငွေကျပ် ခြောက်သိန်းနှင့် တပ်မတော်ကြည်း၊ရေ၊လေ)အမျိုးသမီးစစ်မှုထမ်းဟောင်းများက လူနေအိမ်တစ်လုံးအတွက် ငွေကျပ်ခြောက်သိန်းတို့ကို လာရောက် ပေးအပ်လှူဒါန်းကြရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်မြင့်နှင့် တာဝန်ရှိသူများက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သတင်းရရှိသည်။

No comments:
Post a Comment