Friday, July 25, 2008

လေဘေးသင့်ပြည်သူများအတွက် ရေသန့်စက်ပစ္စည်းများနှင့် ကလိုရင်းဆေးပြားများလှူဒါန်း

ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိသည့် လေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် အသုံးပြုရန် World Vision (Myanmar) က ရေသန့်စက်ပစ္စည်းများနှင့် ကလိုရင်းဆေးပြားများ လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်ဆေးရုံကြီး အရေးပေါ်နှင့် ပြင်ပလူနာဌာနရှိ ကျန်းမာရေးဝန်ကြီးဌာန ယာယီကွပ်ကဲမှုရုံးခန်း၌ ကျင်းပသည်။
အခမ်းအနားတွင် World Vision (Myanmar) မှ တာဝန်ခံ ဒေါက်တာ ကြည်မင်းနှင့်အဖွဲ့က လေဘေးသင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် အသုံးပြုရန် အမေရိကန်ဒေါ်လာ ၈၉၀၀၀ တန်ဖိုးရှိ ရေသန့် စက်ပစ္စည်းများနှင့် ကလိုရင်းဆေးပြားများကို ပေးအပ်လှူဒါန်းရာ ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းမြင့်က လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကြောင်း သတင်းရရှိသည်။

No comments: