လေဘေးသင့်ပြည်သူများအတွက် ပြည်တွင်း၊ ပြည်ပမှ စေတနာရှင် အလှူရှင်များက အလှူငွေများကို ဆက်လက်လှူဒါန်းလျက်ရှိရာ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်(ရန်ကုန်ရုံးခွဲ) အလှူငွေ လက်ခံရာဌာနသို့ လာရောက်လှူဒါန်းကြသော အလှူငွေများကို ဘဏ္ဍာငွေလက်ခံရေးနှင့် ထုတ်ပေးရေး ဆပ်ကော်မတီ ဥက္ကဋ္ဌဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးကြီးလှသိန်းဆွေက လက်ခံသည်။
သြဂုတ် ၁ရက်တွင် လှူဒါန်းကြသော အလှူရှင်များမှာ ဦးအောင်သိန်းလှိုင်နှင့် ဒေါ်တင်တင်ဝင်း မိသားစု၊ (မင်္ဂလာတောင်ညွန့်မြို့နယ်) က ငွေကျပ် ၁၈၀၀၀ နှင့်ကိုဇော်လေးနှင့် မညိုညိုစမ်း သားမောင်ဇော်ဝင်းထွန်း မိသားစု (မင်္ဂလာတောင်ညွန့်မြို့နယ်) ကငွေကျပ် ၁၈၀၀၀ တို့ဖြစ်သည်။
သြဂုတ် ၂ရက်တွင် လှူဒါန်းကြသော အလှူရှင်များမှာ VEN SHIFAZHAO, Golden Pagoda Buddhist Temple & Museum, Tai Pei Yuean Temple and Metta Welfare Association, Singapore က အိမ် ၅၅လုံးအတွက် လှူဒါန်းငွေကျပ်သိန်း ၃၃၀တို့ဖြစ်သည်။ သြဂုတ် ၃ရက်တွင် လှူဒါန်းကြသော အလှူရှင်များမှာ မြန်မာသံရုံး ဗန်ကောက်မြို့မှတစ်ဆင့် Eisal (Thailand Marketing Co., ၁၀၀၀၀၊ Champaca Co., Ltd Thailand က အမေရိကန် ဒေါ်လာ၅၀၀၀ နှင့် Staff of Thaicom Public Co., Ltd Thailand က အမေရိကန် ဒေါ်လာ၁၄၅တို့ဖြစ်သည်။ သြဂုတ် ၄ရက်တွင် လှူဒါန်းကြသော အလှူရှင်များမှာ ဒေါ်သိင်္ဂီဦး (မြောက်ဥက္ကလာပမြို့နယ်)က ငွေကျပ်တသောင်း၊ ဆရာတော် ဦးကေသာလမဇ္ဈမပဋိပဋာကျောင်း သဒ္ဓမ္မရံသီရိပ်သာ ကျောက်ရေတွင်းရပ်ကွက် မြောက်ဥက္ကလာပမြို့နယ်က ငွေကျပ်တစ်သောင်း၊ ဦးကျော်မြင့် (စမ်းချောင်းမြို့နယ်) ကလူနေအိမ်ငါးလုံးအတွက် ငွေကျပ်သိန်း၃၀၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က လူနေအိမ်၂၁လုံးအတွက် ငွေကျပ် ၁၂၆သိန်း၊ Myanmar Embassy, Hanoi, Vietnam မှ တစ်ဆင့် ပေးပို့လှူဒါန်းငွေ ယူရို ၁၀၆၅၁ ဒသမ ၁၂တို့ဖြစ်သည်။ သြဂုတ် ၁ရက်မှ ၄ရက်ထိ လက်ခံရရှိသည့် အလှူငွေစုစုပေါင်းမှာငွေကျပ် ၃၃၀၃၆၀၀၀၊ အမေရိကန်ဒေါ်လာ ၁၅၁၄၅ နှင့် ယူရို ၁၀၆၅၁ ဒသမ ၁၂တို့ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment