
မန္တလေးတိုင်း ပြင်ဦးလွင်မြို့အနီးရှိ ရတနာပုံမြို့သစ် စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို သြဂုတ်လ ၄ ရက်တွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်တင်ငွေ၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဝန်ကြီးဗိုလ်မှူးချုပ်သိန်းဇော်၊ မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန်ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရင်းနှီးမြှုပ်နှံကြမည့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။ရှေးဦးစွာ မန္တလေးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ ဥက္ကဋ္ဌ၊ အလယ်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူးက အမှာစကားပြောကြားပြီး ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဝန်ကြီးဗိုလ်မှူးချုပ်သိန်းဇော်က ရတနာမြို့သစ်ရှိ Softbase Factory Area (၃၇၂) ဧကပေါ် လာရောက်ရင်းနှီးမြှုပ်နှံကြမည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ၃၅ ခုတို့အတွက် မြေလျာထားမှုအခြေအနေ၊ ဆောင် ရွက်မည့် လုပ်ငန်းအမျိုးအစားနှင့် စက်ရုံများအမြန် တည်ဆောက်ရေးအတွက် စက်မှုပိုင်းဆိုင်ရာ နှင့်ဆက်သွယ်ရေးနည်းပညာ ဝန်ဆောင်မှုဆိုင်ရာ အခြေခံအဆောက် အဦးများ ဖြည့်ဆည်း ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို အသေးစိတ် ရှင်းလင်း ဆွေးနွေး တင်ပြသည်။ ထို့နောက် မန္တလေးမြို့တော် မြို့တော်ဝန် ဗိုလ်မှူးချုပ်ဖုန်းဇော်ဟန်က ရတ နာပုံမြို့သစ်စီမံကိန်း မြို့ပြ ဧရိယာအတွက် လမ်းဖောက်လုပ်ပြီးစီးမှု၊ လျှပ်စစ်မီးသွယ်တန်းမှု၊ ရေရရှိရေး ဆောင် ရွက်ပေးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ပေးမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ လုပ်ငန်းရှင်များက သက် ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှုများကို ဆွေးနွေးတင်ပြကြရာ တိုင်းမှူးနှင့် ဝန်ကြီးတို့က ပေါင်း စပ်ညှိနှိုင်းဖြည့်ဆည်းပေးကြပြီး တိုင်းမှူးက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ ယင်းမှတဆင့် ဝန်ကြီးသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အတူ မန္တလေးတိုင်း အမရပူရမြို့နယ်အော်တိုအိတ်ချိန်းရုံးသို့ ရောက်ရှိရာ တာဝန်ခံများက မြို့နယ်အတွင်းအော် တိုတယ်လီဖုန်းလိုင်းများ တိုးချဲ့တပ်ဆင်မည့် အခြေအနေ၊ မိုဘိုင်းဆက်သွယ်မှုစစ်နစ် တိုးချဲ့တပ်ဆင်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးက ဆက်သွယ်မှုဆက်ကြောင်းများ အရည်အသွေးပြည့်မီရေး ဂရု တစိုက်ကြပ်မတ် ဆောင်ရွက်သွားကြရန်နှင့် အမရပူရမြို့နယ်ရှိ အများပြည်သူသုံး အင်တာနက် ဝန်ဆောင်မှု (PAC) တစ်ခုကို အရည်အသွေးပြည့်မီစွာ ဖွင့်လှစ်ပေးရန်မှာကြားသည်။ဆက်လက်၍ ဝန်ကြီးသည် ပြည်ကြီးတခွန် အိတ်ချိန်းသို့ရောက်ရှိရာ မန္တလေးတိုင်း ဆက်သွယ်ရေးမန်နေဂျာ မန္တလေးမြို့ပေါ်၌ တယ်လီဖုန်းလိုင်းများတိုးချဲ့တပ်ဆင်မည့်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ရှင်း လင်းတင်ပြပြီး ဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဆက်သွယ်ရေး စက်ခန်းများကို ကြည့်ရှုစစ်ဆေးသည်။ထို့နောက် ဝန်ကြီးသည် မန္တလေးတိုင်း မြို့မအိတ်ချိန်းသို့ ရောက်ရှိပြီး IP based တယ်လီဖုန်းစနစ် တပ်ဆင်ထားရှိမှု အခြေအနေကိုကြည့်ရှု၍ IP ဖုန်းဖြင့် အခြားတယ်လီဖုန်းစနစ်များသို့ စမ်းသပ်ခေါ်ဆိုစစ်ဆေး သည်။ ယင်းနောက် ဝန်ကြီးအား အစည်းအဝေးခန်းမ၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရှန်ဟိုင်းဘဲလ် ကုမ္ပဏီမှ ပညာရေးဆိုင်ရာ အသုံးပြုရန် ပေးအပ်လှူဒါန်းသော ကြိုးမဲ့လိုင်းနှုန်းခွင်ကျယ် အင်တာနက် ဆက်သွယ်မှု စနစ် ( Wi Max ) ဖြင့် ဝန်ဆောင်မှုဆောင်ရွက်ပေးမည့် အစီအမံကို သက်ဆိုင်ရာ အင်ဂျင်နီယာချုပ်များက ရှင်းလင်း တင်ပြရာ ဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment