လေဘေးသင့်ခဲ့သော ဧရာဝတီတိုင်းမြို့နယ်များမှ ရန်ကုန်မြို့ ဆိပ်ကမ်းနယ်မြေ ဝါးတန်းရှိ ဆန်စပါးကုန်စည်ဒိုင်သို့ မုန်တိုင်းဒဏ်မသင့်မီအချိန်ကထက်ပင် ပိုမို၍ ဆန်များဝင်ရောက်လာနေသည်ကို သြဂုတ်လ ၄ ရက်က ကွင်းဆင်း သတင်းရယူခဲ့သည်။ ဆန်စပါးကုန်စည်ဒိုင်သို့ ဧရာဝတီတိုင်းမြို့နယ်များမှ လအလိုက် ဆန်ဝင်ရောက်မှုစာရင်းအရ မုန်တိုင်းမကျရောက်မီ ဧပြီလက ဆန်အိတ်ပေါင်း ၁၂၀၉၀၃၉ အိတ် (တစ်ဆယ့်နှစ်သိန်း ကိုးထောင် သုံးဆယ့်ကိုး ) ဝင်ရောက်ခဲ့ရာ တစ်ရောက်ခဲ့ရာ တစ်ရက် ပျှမ်းမျှ ၄၀၃၀၁ အိတ်ဝင်ရောက်ခဲ့သည်။
မုန်းတိုင်းဒဏ်သင့်ခံခဲ့ရသည့် ၂၀၀၈ခုနှစ် မေလတွင် ဆန်အိတ်ပေါင်း ၉၉၂၀၈၁အိတ်၊ တစ်ရက်ပျမ်းမျှ ၃၂၀၀၃ အိတ် ဝင်ရောက်ခဲ့သဖြင့် ပုံမှန်ထက်လျော့နည်းသွားခဲ့သည်။
၂၀၀၈ခုနှစ် ဇွန်လတွင် ဆန်အိတ်ပေါင်း ၁၃၅၉၄၉၇ အိတ်၊ တစ်ရက်ပျမ်းမျှ ၄၅၃၁၇ အိတ်ဝင်ရောက်ခဲ့ပြီး ဇူလိုင်လတွင် ဆန်အိတ်ပေါင်း ၁၁၅၂၇၆၉၈ အိတ်၊ တစ်ရက်ပျမ်းမျှ ၄၉၂၈၁ အိတ်ဝင်ရောက်ခဲ့သဖြင့် မုန်တိုင်းမကျရောက်မီ ဧပြီလထက်ပင် သာလွန်နေကြောင်း တွေ့ရသည်။ ပြီးခဲ့သည့် ဇူလှိုင်၁၄ရက် တစ်နေ့တည်းပင် ဆန်အိတ် ၇၁၅၆၆အိတ် ဝင်ရောက်ခဲ့၍ ၂၀၀၈ခုနှစ်အတွင်း ဆန်အိတ်အများဆုံးဝင်ရောက်ခဲ့ ခြင်းပင်ဖြစ်သည်။
ဈေးနှုန်းမုန်းတိုင်းဒဏ်သင့်ခံခဲ့ရသည့် ၂၀၀၈ခုနှစ် မေလတွင် ဆန်အိတ်ပေါင်း ၉၉၂၀၈၁အိတ်၊ တစ်ရက်ပျမ်းမျှ ၃၂၀၀၃ အိတ် ဝင်ရောက်ခဲ့သဖြင့် ပုံမှန်ထက်လျော့နည်းသွားခဲ့သည်။
၂၀၀၈ခုနှစ် ဇွန်လတွင် ဆန်အိတ်ပေါင်း ၁၃၅၉၄၉၇ အိတ်၊ တစ်ရက်ပျမ်းမျှ ၄၅၃၁၇ အိတ်ဝင်ရောက်ခဲ့ပြီး ဇူလိုင်လတွင် ဆန်အိတ်ပေါင်း ၁၁၅၂၇၆၉၈ အိတ်၊ တစ်ရက်ပျမ်းမျှ ၄၉၂၈၁ အိတ်ဝင်ရောက်ခဲ့သဖြင့် မုန်တိုင်းမကျရောက်မီ ဧပြီလထက်ပင် သာလွန်နေကြောင်း တွေ့ရသည်။ ပြီးခဲ့သည့် ဇူလှိုင်၁၄ရက် တစ်နေ့တည်းပင် ဆန်အိတ် ၇၁၅၆၆အိတ် ဝင်ရောက်ခဲ့၍ ၂၀၀၈ခုနှစ်အတွင်း ဆန်အိတ်အများဆုံးဝင်ရောက်ခဲ့ ခြင်းပင်ဖြစ်သည်။
လေဘေးကျရောက်ခဲ့သော်ဖျာပုံ၊ ဒေးဒရဲ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ လပတ္တာ၊ ကွမ်းခြံကုန်းမြို့နယ် များအပြင် အခြားမြို့နယ်များဖြစ်သည့် ဇလွန်၊ ကျောင်းကုန်း၊ ဟင်္သာတ၊ ဓနုဖြူ၊ တွံတေး၊ ခရမ်း၊ သုံးခွ၊ ပဲခူးတိုင်း (အရှေ့ခြမ်း) နှင့် (အနောက်ခြမ်း) မြို့နယ်၊ ရန်ကုန်တိုင်းမြို့နယ်များမှပါ ဆန်များ ဝင်ရောက်လျက်ရှိသည်။ ဈေး နှုန်းများမှာ ဖျာပုံပေါ်ဆန်း ဆန်တစ်တင်းခွဲအိတ်ကို ဆန်ကောင်း ကျပ်၃၄၈၀၀ နှင့် အဝါရောင်သန်း ရေစိုဆန် ကျပ် ၁၆၀၀၀၊ ဒေးဒရဲ ပေါ်ဆန်းဆန်ကောင်း ကျပ် ၃၁၈၀၀၊ ရေစိုဆန် ကျပ် ၁၅၅၀၀၊ နယ်စုံ ပေါ်ဆန်းမှာ ကျပ် ၂၉၅၀၀ နှင့် ရေစိုဆန် ကျပ် ၁၅၅၀၀၊ ဧည့်မထဆန်ကောင်းမှာ တစ်တင်းခွဲ တစ်အိတ် ကျပ် ၁၈၀၀၀နှင့် အဝါရောင်ပေါက် ရေစိုဆန်ကျပ် ၁၃၇၀၀၊ မြီးတုန်းဆန်မှာ ဆန်ကောင်း ကျပ် ၂၃၀၀၀နှင့် ရေစိုဆန်မှာ ကျပ် ၁၅၀၀၀ ဈေးရှိသည်။
ပုံမှန်ဖြစ်လာသြဂုတ် ၁ ရက်က ၄၉၉၀၁ အိတ်၊ သြဂုတ် ၂ ရက်က ၄၉၃၈၅ အိတ်၊သြဂုတ် ၃ ရက်က ၄၁၄၀၃ အိတ် ဝင်ရောက်ခဲ့ရာ ဆန်ဝင်နှုန်းပုံမှန်ဖြစ်လာပြီဟု သိရသည်။ ဒေးဒရဲ၊ ဖျာပုံ၊ ကျိုက်လတ်မြို့များမှ စက်သမ္ဗန်ကြီးများဖြင့်လည်းကောင်း၊မော်လမြိုင်ကျွန်းမြို့နယ်မှ စောရတနာ၊ ရွေမြိုင်အောင်သင်္ဘောကြီးများဖြင့်
လည်းကောင်း ရန်ကုန်ဆိပ်ကမ်း လှည်းတန်းဆိပ်ကမ်းတွင် အရောင်းအဝယ်ပြုလုပ်ကာ ကုန်တင်ကားများပေါ်သို့ တိုက်ရိုက်သယ်ယူ တင်ချနေသည်ကို တွေ့ခဲ့ရသည်။
ပဲဆီ၊ နှမ်းဆီလည်းကောင်း ရန်ကုန်ဆိပ်ကမ်း လှည်းတန်းဆိပ်ကမ်းတွင် အရောင်းအဝယ်ပြုလုပ်ကာ ကုန်တင်ကားများပေါ်သို့ တိုက်ရိုက်သယ်ယူ တင်ချနေသည်ကို တွေ့ခဲ့ရသည်။
ပဲဆီ၊ နှမ်းဆီနှင့် စားအုန်းဆီတို့မှာလည်း မုန်တိုင်းမတိုက်မီက ဈေးထက်လျော့နည်းကျဆင်းလာသည်ကို သြဂုတ်
၎ ရက်က ဘုရင့်နောင်ပွဲရုံ ကုန်စည်ဒိုင်များသို့ ကွင်းဆင်း သတင်းရယူခဲ့သည်။ ပဲဆီ၊ နှမ်းဆီးများမှာ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းမြို့နယ်များမှ ထွက်ရှိခြင်းဖြစ်ပြီး မုန်တိုင်းမကျရောက်မီက တစ်ပိဿာလျှင် ကျပ် ၄၆၀၀ မှ ကျပ် ၄၇၀၀ အမြင့်ဆုံးရှိခဲ့ပြီး ယခုအခါ ကျပ် ၄၃၀၀ မှ ၄၄၀၀ သို့ ကျဆင်းခဲ့သည်။ ယခုနှစ်တွင် ပဲ၊ နှမ်းအကြိုက် ရာသီဥတုကောင်းမွန်သည့်အပြင် ပဲ၊ နှမ်း အထွက်ကောင်းသဖြင့် ဈေးနှုန်းကျဆင်းလာခြင်းဖြစ်ကြောင်း၊ မိုးနှမ်းများပါ စတင်လာပြီဖြစ်ကြောင်း ပဲ၊ နှမ်း ဆီကုန်သည်တစ်ဦးက ပြောကြားသည်။
ကျဆင်း၎ ရက်က ဘုရင့်နောင်ပွဲရုံ ကုန်စည်ဒိုင်များသို့ ကွင်းဆင်း သတင်းရယူခဲ့သည်။ ပဲဆီ၊ နှမ်းဆီးများမှာ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းမြို့နယ်များမှ ထွက်ရှိခြင်းဖြစ်ပြီး မုန်တိုင်းမကျရောက်မီက တစ်ပိဿာလျှင် ကျပ် ၄၆၀၀ မှ ကျပ် ၄၇၀၀ အမြင့်ဆုံးရှိခဲ့ပြီး ယခုအခါ ကျပ် ၄၃၀၀ မှ ၄၄၀၀ သို့ ကျဆင်းခဲ့သည်။ ယခုနှစ်တွင် ပဲ၊ နှမ်းအကြိုက် ရာသီဥတုကောင်းမွန်သည့်အပြင် ပဲ၊ နှမ်း အထွက်ကောင်းသဖြင့် ဈေးနှုန်းကျဆင်းလာခြင်းဖြစ်ကြောင်း၊ မိုးနှမ်းများပါ စတင်လာပြီဖြစ်ကြောင်း ပဲ၊ နှမ်း ဆီကုန်သည်တစ်ဦးက ပြောကြားသည်။
မန္တလေးတိုင်းတွင် ဆည်ရေသွင်းစိုက် နှမ်းများထွက်ရှိလာသည့်အပြင် ပဲ၊ နှမ်းစိုက်ဧက များလာသဖြင့် အထွက်တိုးလာခြင်းဖြစ်သည်။ ကမ္ဘာ့စားအုံးဆီဈေးကျဆင်းနေသဖြင့် နိုင်ငံခြားမှ မှာယူတင်သွင်းသော စားအုန်းဆီမှာ ယခင်ရန်ကုန်ဆိပ်ကမ်းအရောက် စားအုန်းဆီတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၃၀၀မှ ယခု ၁၁၀၀သို့ ကျဆင်းလာသဖြင့် ပြင်ပဈေးကွက်တွင် စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ ကျပ် ၃၁၀၀မှ ကျပ် ၂၈၀၀ အထိ ကျဆင်းနေပြီဖြစ်သည်။
ပုစွန်ပေါယခုအခါ မြန်မာအခေါ် (ရေထရက်) ဖြစ်၍ ပုစွန်များ လှိုင်လှိုင် ဝင်လာသဖြင့် ပုစွန်ကျော့၊ ပုစွန်ဖော့ချိတ်များ ဈေးနှုန်းကျဆင်းလာသည်ကို သြဂုတ် ၄ ရက်က ရန်ကုန်မြို့ ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးကြီးတွင် တွေ့ခဲ့ရသည်။ သြဂုတ် ၃ ရက်က ဗဟိုစံပြငါးဈေးကြီးသို့ ဧရာဝတီတိုင်းနှင့် အနယ်နယ်အရပ်အရပ်မှ ငါး၊ ပုစွန် ပိဿာချိန် ၁၁၁၉၅၄ ပိဿာ ဝင်ရောက်ခဲ့ရာ ယခင်ပုံမှန်အနေအထားသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာပြီဟု သိရသည်။
ငါး -ပုစွန်လက်ကားဈေးသြဂုတ် ၃ ရက် ငါး၊ ပုစွန် လက်ကားဈေးနှုန်းများမှာ ငါးရံ့ကျပ် ၂၀၀၀မှ ကျပ် ၃၅၀၀၊ ငါးကျည်း၊ ငါးခူ ကျပ် ၂၀၀၀မှ ကျပ် ၅၅၀၀၊ ငါးမြစ်ချင်း ကျပ် ၁၂၀၀မှ ကျပ် ၂၁၀၀၊ ငါးကြင်းကျပ် ၁၈၀၀မှ ကျပ် ၃၂၀၀၊ ငါးခေါင်းပွ ကျပ် ၁၂၀၀မှ ကျပ် ၂၃၀၀၊ ငါးသလောက်ကျပ် ၃၇၀၀မှ ကျပ် ၁၂၀၀၊ ငါးတန်ကျပ် ၁၅၀၀မှ ကျပ် ၂၂၀၀၊ ပုစွန်ဖော့ချိတ် ကျပ် ၂၁၀၀မှ ကျပ် ၃၈၀၀၊ ပုစွန်တုတ်ဆတ်သေး/ဆတ်ကြီး ကျပ် ၅၀၀၀မှ ကျပ် ၇၅၀၀၊ ပုစွန်ကျား/ပြောင်ထုတ်ကြီးကျပ် ၈၀၀၀မှ ကျပ် ၁၉၅၀၀ အထိရောက်ရှိ နေပါကြောင်း ယခုသီးတင်းပတ်အတွက် ဆန်၊ ဆီ၊ ငါး ၊ ပုစွန်ဈေးနှုန်းများကို ကွင်းဆင်းစေ့ငု ဖော်ပြလိုက်ရပါကြောင်း။ ။


No comments:
Post a Comment