လေဘေးသင့်ပြည်သူများအတွက် ပစ္စည်းများလှူဒါန်းပေးပို့ခြင်း၊ ကျိုက္ခမီစက်စဲကမ်းခြေ သန့်ရှင်းရေးတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ ဝတ်စုံထောက်ပံ့ပေးခြင်း အခမ်းအနားတို့ကို ဇူလှိုင်၎ရက်တွင် မွန်ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးရာမည ခန်းမ၌ကျင်းပရာ မွန်ပြည်နယ်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီဥက္ကဋ္ဌ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သက်နိုင်ဝင်း တက်ရောက်၍ အမှာစကားပြောကြားပြီး စက်စဲ၊ ကမ်းခြေသန့်ရှင်းရေးတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများနှင့် ဝန်ထမ်းအဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်သည်။
လက်ခံ
ထို့နောက် တိုင်းမှူးသည် ကျိုက္ခမီ၊ စက်စဲကမ်းခြေသန့်ရှင်းရေးတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များအား ဝတ်စုံများကို ထောက်ပံ့ပေးအပ်ရာ ကိုယ်စားလှယ်များကလက်ခံကြသည်။ ဆက်လက်၍ မွန်ပြည်နယ်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီ အတွင်းရေးမှူး ဦးခင်မောင်ထွန်းက ဂုဏ်ပြူမှတ်တမ်းလွှာများကို ပေးအပ်သည်။
လှူဒါန်း
ယင်းနောက် လေဘေးသင့်ပြည်သူများအတွက် ပစ္စည်းများလှူဒါန်းခြင်းကို ကျင်းပရာ မွန်ပြည်နယ်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီ အတွင်းရေးမှူး ဦးခင်မောင်ထွန်းက မွန်ပြည်နယ်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီမှ လှူဒါန်းသည့် ငွေကျပ်သိန်း ၃၀ တန်ဖိုးရှိ ပိုက်မျိုးစုံ ၁၀၀၊ မော်လမြိုင်မြို့ ဆန်ပွဲရုံများက ငွေကျပ် ၁၅ သိန်းတန်ဖိုးရှိ ဆန်အိတ်၁၀၀၊ မော်လမြိုင်မြို့နယ်ကငွေကျပ် ၁၅၄၈၀၇၀၀တန်ဖိုးရှိ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ၊ မုဒုံမြို့နယ်က ငွေကျပ် ၃၅၇၀၀၀၀ တန်ဖိုးရှိအဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ၊ သံဖြူဇရပ်မြို့နယ်က ငွေကျပ်၂၉၇၆၄၀၀၀ တန်ဖိုးရှိ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ၊ ပေါင်မြို့နယ်က ငွေကျပ် ၁၅၂၅၈၀၀ တန်ဖိုးရှိလူသုံးကုန်ပစ္စည်းမျိုးစုံတို့ကို ပေးအပ်လှူဒါန်းကြပြီး တာဝန်ရှိသူများက လက်ခံကြသည်။
ကြည့်ရှု
ထို့နောက်တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း လေဘေးသင့်ဒေသများသို့ ပေးပို့မည့် ဆန်၊ အဝတ်အထည်နှင့် ကုန်ပစ္စည်းမျိုးစုံတို့ကို ကုန်တင်ယာဉ်ကြီးပေါ်သို့ သယ်ဆောင်တင်ပို့နေမှုကို ကြည့်ရှုကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment