ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အထွေထွေအတွင်းရေးမှူး ဦးဌေးဦးသည် ဌာနရှိသူများနှင့်အတူ သြ ဂုတ် ၁၀ ရက် ညနေ ၃ နာရီတွင် ဧရာဝတီတိုင်း လပွတ္တာမြို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရုံးသို့ သွားရောက်၍ လေဘေးဒဏ်ခံရသော လပွတ္တာမြို့နယ် ကျေးရွာများမှ လပွတ္တာမြို့တွင် တက္ကသိုလ်ဝင်တန်း သင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများအတွက် တစ်နှစ်တာ နေထိုင်စားသောက်ရေး၊ ပညာ သင်ကြားရေးတို့အတွက် အားပေးထောက်ပံ့ခြင်းနှင့် လပွတ္တာမြို့ အမှတ် ( ၁ ) အခြေခံပညာအထက်တန်းကျောင်း မှ ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ရသော လပွတ္တာမြို့မှ အအေးသန္တာထွန်းအား တက္ကသိုလ် ဆက်လက် တက်ရောက်နိုင်ရေးအတွက် တစ်နှစ်စာ ပညာသင်စာရိတ် ဂုဏ်ပြုထောက်ပံ့ခြင်း အခမ်းအနားသို့ တက်ရောက်အားပေးသည်။
အခမ်းအနားသို့ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးခင်မောင်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူ များ တက်ရောက်ကြသည်။
ရှေးဦးစွာ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီးသည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို စစ်မှန်သော မျိုးချစ် စိတ်ဓာတ်ဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ လေမုန်တိုင်းဒဏ်ခံရသော ဒေသများတွင် လည်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ မုန်တိုင်းဒဏ်ခံရသည့် ကျေးရွာများရှိ ပြည်သူများသည် မိမိတို့ဒေသအား ချစ်ခင်မြတ်နိုးသည့် စိတ်ဓာတ်ရှိကြသူ များဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရ၊ ပြည်သူ၊ တပ်မတော်နှင့် စေတနာရှင်များ၏ အားပေးကူညီမှုဖြင့် မိမိတို့ ၏ နေထိုင်ရာ ကျေးရွာများအလိုက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်နေကြသည် မှာလည်း လေးစားဂုဏ်ယူဖွယ်ဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့်လည်း မိမိတို့ ပညာရည်မြင့်မား ရေး အလေးထားသင်ယူနိုင်ရေးအတွက်ကြိုးပမ်းနေခြင်းသည်လည်း ဂုဏ်ယူဖွယ်ဖြစ်ကြောင်း၊ ပညာရည်မြင့်မား သော လူငယ်များကသာ မိမိတို့၏နယ်မြေအကျိုးအတွက် ပိုမိုသယ်ပိုးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သဘာဝ ဘေးအန္တရာယ် ကျရောက်ခံရသောခံစားခဲ့ကြသော်လည်း ခိုင်မာသည့် စိတ်ဓာတ်ဖြင့်ကြိုးပမ်းဆောင်ရွက်လျက် ရှိမှုအပေါ် ဂုဏ်ပြုသောအားဖြင့် အသင်းကြီးက အားပေးထောက်ပံ့မှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်း မှာကြားသည်။
ထို့နောက် အထွေထွေ အတွင်းရေးမှူးက လပွတ္တာမြို့နယ် လေဘေးသင့် ကျေးရွာများမှာ လပွတ္တာမြို့ သို့လာ ရောက်၍ တက္ကသိုလ်ဝင်တန်း သင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူ ၃၁ ဦးအတွက် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဌာနချုပ်မှ တစ်နှစ်တာအတွက် အသုံးပြုရန် ဂုဏ်ပြုငွေ ကျပ် ၁၈၆ သိန်းကို လပွတ္တာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးလှိုင်ဦးထံ ပေးအပ်သည်။
ဆက်လက်၍ အထွေထွေအတွင်းရေးမှူးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းနှင့် စေတနာရှင်များ ပူးပေါင်း၍ တစ်နှစ်တာ ပညာသင်စရိတ်အတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းကို လပွတ္တာမြို့မှ ငါးဘာသာ ဂုဏ်ထူးရှင် မအေးသန္တာထွန်းအား ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် လပွတ္တာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက ချီးမြှင့်သည့် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို တာဝန်ရှိသူများနှင့် အမှုဆောင်များပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံ သည်။

မှာကြား
ထို့နောက် အထွေထွေအတွင်းရေးမှူးက ကျောင်းသား၊ ကျောင်းသူများအား တော်အောင်၊ တက်အောင်လေ့လာ မှတ်သား၍ မှန်ကန်သောအသိဖြင့် မိမိတို့ နယ်မြေအကျိုးအတွက် သယ်ယူနိုင်ရေးမှာကြားပြီးအခမ်းအနားကို ရုပ်သိမ်းကြောင်း သိရှိရသည်။
No comments:
Post a Comment