မျက်မှောက်ခေတ်တွင် အိုင်တီနည်းပညာများ အရှိန်အဟုန်ပြင်းစွာ ဖွံ့ဖြိုးတိုးတက်နေသည်။ နိုင်ငံတကာ၌ ပြောင်းလဲနေသော အိုင်တီနည်းပညာများသည် အချိန်နှင့်အမျှ တိုးတက်လျက်ရှိရာ မြန်မာနိုင်ငံသည်လည်း ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်ရေး ကြိုးပမ်းအားထုတ်လျက်ရှိသည်။
လူ့ဘောင်အဖွဲ့အစည်းတွင် စီးပွားရး၊ လူမှုရေး၊ ပညာရေးစသည့် ကဏ္ဍအသီးသီး၌ အိုင်တီနည်းပညာများ တွင်ကျယ်စွာ အသုံးပြုနေပြီဖြစ်၍ လူငယ်များ စိတ်ပါဝင်စားလျက်ရှိသည်။ အိုင်တီနည်းပညာကို လူငယ်များစိတ်ဝင်စားစွာ လေ့လာလိုက်စားရာတွင် အခြေခံကျကျ နားလည်းသိကျွမ်းရန် လိုအပ်မည်ဖြစ်သည်။
အိုင်တီနည်းပညာရပ်အပေါ် စိတ်ဝင်စားမှုများပြားလာသည့် လူငယ်များအတွက် သတင်းချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာရပ် ဖွံ့ဖြိုးတိုးတက်ရန် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ကြီးမှူးပြီး ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ မြန်မာအင်ဖိုတက်ခ် အဆောက်အအုံ၌ ဟောပြောဆွေးနွေးခဲ့သည်။
ယခုကဲ့သို့ နည်းပညာဆိုင်ရာဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် စပ်လျဉ်း၍ သိမှတ်ဖွယ်ရာများကို ပညာရှင်များက ကျယ်ကျယ်ပြန့်ပြန့် ဟောပြောဆွေးနွေး ပို့ချခြင်းဖြင့် လူငယ်များအတွက် နည်းပညာအတွေးအခေါ် အသိပညာတိုးပွားရင့်ကျက်လာမည်ဖြစ်သည်။
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအနေဖြင့် လူငယ်များ အိုင်တီနည်းပညာ ကျွမ်းကျင်ပြီး ဖွံဖြိုးတိုးတက်စေရန် သာမက အသက်မွေဝမ်းကျောင်းပြုနိုင်ရေးအတွက် အဆိုပါသင်တန်းများ အလျဉ်မပြတ် ကျင်းပခြင်းဖြင့် အကျိုးရလဒ်ကောင်းများ ဖြစ်ထွန်းစေမည်ဖြစ်သည်။
သို့ဖြစ်ရာ အိုင်တီနည်းပညာကို လူငယ်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဆောင်ရွက်နိုင်မှုကြောင့် လူငယ်များ အိုင်တီနည်းပညာများအပေါ်၌ စိတ်ဝင်စားမှုများပြားလာပြီး ခေတ်မီအိုင်တီနည်းပညာများကို လက်တွေ့အသုံးချနိုင်ခြင့်ဖြင့် နယ်ပယ်ကဏ္ဍအသီးသီးတွင် နိုင်ငံတကာအဆင့်မီ နည်းပညာနှင့် အတတ်ပညာများ ပိုမိုပေါ်ထွန်းလာနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments:
Post a Comment