မြန်မာနိုင်ငံတွင် လွန်ခဲ့သော မေလ ၂ ရက်နှင့် ၃ ရက်က ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ရာ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းဒေသအချို့၌ ပြည်သူများ၏ အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုနှင့် ကြုံခဲ့ရသည်။
နိုင်ငံနှင့်အတူ တိုင်းရင်းသားလုပ်ငန်းရှင်များက လေဘေးကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သော ပြည်သူများအတွက် မြို့ကွက်များ ဖော်ထုတ်ကာ အခိုင်အမာ နေအိမ်များ ဆောက်လုပ်ပြီး နေရာချထားသကဲ့သို့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက်လည်း ဝိုင်းဝန်းကူညီ ဖြည့်ဆည်းပေးလျက်ရှိသည်။
ဒေသင့်တောင်သူလယ်သမားကြီးများ လယ်ယာလုပ်ငန်းခွင် ဝင်ရောက်နိုင်ရေးအတွက် မျိုးစပါးနှင့် လယ်ယာသုံး စက်ကရိယာများ လုပ်ကိုင်နေကြပြီ ဖြစ်သည်။ ထို့အပြင် စိုက်ဧကများ ပြည့်မီစေရးအတွက် လက်တွန်းထွန်စက်များ စက်စွမ်းအားပြည့် ထွန်ယက်နိုင်ရန် တာဝန်ရှိသူများက ကြပ်မတ်ပေးလျက်ရှိသည်။
ဧရာဝတီတိုင်းအနှံ့တွင် မိုးစပါးရာထားချက် အပြည့်အဝစိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် ယခင်နှစ် စပါးအထွက်နှုန်းကောင်းမျိုးစပါးများ ပြောင်းလဲစိုက်ပျိုးသွားမည်ဟု သိရသည်။
လေဘေးသင့်ပြည်သူများ နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများကို အချိန်တိုကာလအတွင်း လုပ်ဆောင်ပေးခဲ့ပြီး မူလအသက်မွေဝမ်းကြောင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန် ဖြည့်ဆည်းပေးလျက်ရှိရာ ဒေသခံပြည်သူများက မိမိတို့လူမှုစီးပွားဘဝ မြင့်မားလာရေးအတွက် အားထုတ်ကြိုးပမ်းကြရမည်ဖြစ်သည်။
နိုင်ငံတော်နှင့်အတူ စေတနာရှင်ပြည်သူများ၊ တိုင်းရင်းသားလုပ်ငန်းရှင်များက လေဘေးသင့်ဒေသများ၌ တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ပြန်လည်တည်ငြိမ် တိုးတက်ဖွံ့ဖြိုးလာမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments:
Post a Comment