Friday, August 1, 2008

ကွမ်းခြံကုန်းမြို့နယ် ပညာရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲနှင့် သုံးခွကျေးရွာလေဘေးသင့်ပြည်သူများ ပစ္စည်းလှူဒန်းပွဲ စွမ်းအင်ဝန်ကြီး ..........


စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ်လွန်းသီသည် ဇူလိုင် ၂၇ ရက်က ရန်ကုန်တိုင်းကွမ်းခြံကုန်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကွမ်းခြံကုန်းမြို့သို့ရောက်ရှိပြီး ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမများနှင့် ပညာရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်သည်။
ညှိနှိုင်းဆွေးနွေး
တွေ့ဆုံဆွေးနွေးပွဲသို့ ဝန်ကြီးနှင့် တက်ရောက်လာကြသူများက ပညာရေးဆိုင်ရာများကို အသေးစိတ် ညှိနှိုင်းဆွေးနွေးကြပြီး ဝန်ကြီးက ကွမ်းခြံကုန်းမြို့ ပညာရေးကဏ္ဍ ပိုမိုတိုးတက်ရေးအတွက် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးမှာကြားကာ လိုအပ်သည်များကိုပံ့ပိုး ဖြည့်ဆည်းပေးသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ဝန်ကြီးသည် ကွမ်းခြံကုန်းမြို့မဈေးကြီး ပြန်လည်ပြုပြင်တည်ဆောက်နေမှုလုပ်ငန်းခွင်သို့ ရောက်ရှိရာ အေးရှားဝေါလ်ကုမ္ပဏီ ဒါရိုက်တာ ဦးသန်းမြင့်နှင့် တာဝန်ရှိသူများက မြို့မဈေးကြီးနှင့် ဆက်စပ်အဆောက်အဦးများ ပြန်လည်ပြုပြင်တည်ဆောက်နေမှု လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။ ဝန်ကြီးသည် ဈေးကြီးအတွင်း တည်ဆောက်ရေး လုပ်ငန်းခွင်သို့ လှည့်လည် သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ တည်ဆောက်ရေး၊ သတ်မှတ်ရက်အတွင်း အချိန်မှီ ပြီးစီးရေးတို့ကို မှာကြားသည်။
ရေစက်သွန်းချ အမျှဝေ
ဝန်ကြီးသည် မွန်းလွဲပိုင်းတွင် သုံးခွကျေးရွာ ဖလန်းကျောင်းတိုက်သို့သွားရောက်၍ ဝါဆိုသံဃာတော်များအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ဖလန်းကျောင်းဆရာတော် ဘဒ္ဒန္တပညာဘာသထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး လှူဒါန်းမှုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေသည်။
တက်ရောက်အားပေး
ယင်းနောက် ဝန်ကြီးသည် အဆိုပါ ကျောင်း၌ကျင်းပသော မလေးရှားနိုင်ငံ SBM ကုမ္ပဏီနှင့် ရန်ကုန်မြို့နေ ဦးကိုကိုအောင်နှင့် ဦးအောင်ဇေယျ သူငယ်ချင်းတစ်စုတို့က လှူးဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည်၊ မုန့်မျိုးစုံနှင့် အိမ်သုံးပစ္စည်းများကို သုံးခွကျေးရွာအတွင်းရှိ အိမ်ထောင်စုပေါင်း ၅၂၅ စုတို့အားလှူဒါန်းမှုကို တက်ရောက်အားပေးပြီး ကျေးရွာပြည်သူများနှင့် ရင်းနှီးနှီးတွေ့ဆုံကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြောင်း သတင်းရရှိသည်။

No comments: