လေဘေးသင့်ပြည်သူများအတွက် ပြည်တွင်းပြည်ပမှ အလှူရှင်များက အလှူငွေများကို ဆက်လက်လှူဒါန်းလျက်ရှိရာ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန မြန်မာနိုင်ငံတော် ဗဟိုဘဏ်( ရန်ကုန်ရုံးခွဲ ) အလှူငွေလက်ခံရာဌာနသို့ လာရောက်လှူဒါန်းကြသော အလှူငွေများကို ဘဏ္ဍာငွေ လက်ခံရေးနှင့် ထုတ်ပေးရေးဆပ်ကော်မတီ ဥက္ကဠ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးကြီးလှသိန်းဆွေက လက်ခံသည်။
ဇူလိုင် ၂၉ရက်တွင် လှူဒါန်းကြသော အလှူရှင်များမှာ ဦးခင်မောင်အေးနှင့် ဒေါ်ခင်ချိုချို၊ သားကိုခင်ဇော်လတ်၊ Susi Lawati ၊ ဒေါ်သန်းသန်းမြင့်၊ ဒေါ်အေးအေးသန်းတို့က လူနေအိမ်တစ်လုံးအတွက် ငွေကျပ်ခြောက်သိန်း၊ ဆရာတော် ဘဒ္ဒန္တဣစက္က၊ ဂျုတ်စမ်းတောရ ထုံဘို(ပန်းတောင်းမြို့နယ်) က ငွေကျပ် ၂၄၀၄၀၀ တို့ဖြစ်သည်။
ဇူလိုင်၃၀ရက်တွင် လှူဒါန်းကြသော အလှူရှင်များမှာ ဦးခင်မောင်မြင့်နှင့် ဒေါ်တင်နွဲ့ဌေး မိသားစု မဂ္ဂင်လမ်း (ကျောက်မြောင်း)က ငွေကျပ်တစ်သိန်း၊ Mr. Kin Nam Do ( Chairman), Mr. Deok Su (Vice Chairman) & Group, Platinum-21 Company, Korea က လူနေအိမ်၁၀လုံးအတွက် ငွေကျပ်သိန်း၆၀၊ Sergi, Elena, Gloria, Gokha ( Barcilona, Spain ) က လူနေအိမ် တစ်လုံးအတွက် ငွေကျပ်ခြောက်သိန်း၊ Mr. Hiro Yuki Tomita, President, Shinesei Co., Ltd., Japan က အက်ဖ်အီးစီ ၅၀၀တို့ဖြစ်သည်။
ဇူလိုင် ၂၉ရက်နှင့် ဇူလိုင်၃၀ရက်တို့တွင် လက်ခံရရှိသည့် အလှူငွေစုစုပေါင်းမှာ ငွေကျပ် ၇၅၄၀၄၀၀ နှင့် အက်ဖ်အီးစီ ၅၀၀တို့ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment