Wednesday, October 15, 2008

မျိုးချစ်စိတ်ဓာတ်နှင့် ပညာရည်မြင့်မားရေး မူလတန်းအရွယ်ကပင် စတင်ပျိုးထောင်

နိုင်ငံတော်အစိုးရက ပညာရည်မြင့်မားရေးအတွက် နှစ်(၃၀)နှစ်ရှည်စီမံကိန်းကို ချမှတ်ဖော်ဆောင်နေသည်။ အခြေခံပညာ ကဏ္ဍနှင့် အဆင့်မြင့်ပညာကဏ္ဍ စနစ်တကျပေါင်းစပ် ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။
နိုင်ငံတစ်ဝန်း၌ ခေတ်မီသင်ကြားမှု နည်းပညာသစ်များ ၊ အီလက်ထရွန်နစ်သင်ထောက်ကူပစ္စည်းများ အပါအ၀င်ပညာရေးဆိုင်ရာ အခြေခံကောင်းများကို တည်ဆောက်ဖြည့်ဆည်းပေးထားပြီးဖြစ်သည်။ ယင်းသိုဖြည့်ဆည်းမှုများနှင့် အညီ ကျောင်းသား၊ကျောင်းသူတိုင်း ပညာသင်ယူတက်မြောက်စေရေး ကြိုးပမ်းကြရမည်ဖြစ်သည်။
မူလတန်းအဆင့်၌ စနစ်တကျ သင်ယူတက်မြောက်ခြင်းဖြင့်သာ အလယ်တန်းအဆင့်တွင် အခြေခံခိုင်မာပြီး အထက်တန်းအဆင့်တွင် ဘက်စုံအောင်မြင်တိုးတက်မှုများ ရရှိနိုင်မည်ဖြစ်သည်။ ကျောင်းသား၊ကျောင်းသူလူငယ်များ၏ ပညာအရည်အချင်း၊ အတက်ပညာနှင့် စိတ်ဓာတ်ခံယူချက်များ ပြည့်စုံနေရေး ဆရာ၊ဆရာမများက ဂရုတစိုက်သင်ကြားပျိုးထောင်ပေးရမည် ဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူ လူငယ်များကို ငယ်စဉ်ကပင်စတင်၍ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်များ စွဲမြဲခံယူထက်သန်စေရေး ဆောင်ရွက်ပေးသွားကြရမည်ဖြစ်သည်။ ကျောင်းစည်းကမ်း၊ ရပ်ရွာစည်းကမ်း၊ လူမှုစည်းကမ်း၊ ဥပဒေစည်းကမ်း ဘောင်အတွင်း နေထိုင်ကျင့်ကြံတက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး လေ့ကျင့်ပေးကြရမည်ဖြစ်သည်။
သို့မှသာ ကျောင်းသား၊ကျောင်းသူများသည် ကျောင်းပညာရပ်ဆိုင်ရာသာမက စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သည့် နိုင်ငံနှင့် လူမျိုးအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်သော စွမ်းရည်စိတ်ဓာတ်များ ပြည့်ဝခိုင်မာလာမည် ဖြစ်သည်။
နိုင်ငံတော်က အမျိုးသားပညာရည်မြင့်မာရေးအတွက် အဘက်ဘက်က ဖန်းတီးဖော်ဆောင်ပေးလျက်ရှိချိန်တွင် ဆရာ၊ဆရာမများနှင့် တာဝန်ရှိသူတိုင်းက မိမိတို့တပည့်များအား မူလတန်းအရွယ်ငယ်ရွယ်စဉ်ကပင်စတင်၍ စာပေ၊စာရိတ္တနှင့် ကိုယ်ကျင့်တရား ၊ စာပေတက်မြောက်မှု စွမ်းရည် တိုးတက်မြင့်မားလာရေး ပြုစုပျိုးထောင်ပေးခြင်းဖြင့် ဘက်စုံထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာမည်ဖြစ်သည်။

No comments: