ဒီမိုကရက်ဘာရက်အိုဘားမားသည် အင်္ဂါနေ့တွင် အမေရိကန်၏သမိုင်းစာမျက်နှာနှင့် သူ၏အမည် ကိုရေးသားခဲ့သည်။ ရွေးကောက်ပွဲတွင် ရီပက်ဘလီကန်သမ္မတလောင်း ဂျွန်မက်ကိန်းအပေါ် အနိုင်ရလိုက်ခြင်းဖြင့် နိုင်ငံရေး၊ လူမှုရေး နိုးကြားထကြွမှုကို ဖြစ်စေမည့် ပထမဆုံးလူမည်း သမ္မတဖြစ်လာသည်။ အိမ်ဖြူတော်ကို သိမ်းပိုက်ရန် တံဆိပ်ခတ်နှိပ်ပြီး ၁နာရီလျော့လျော့အချိန် တွင် အိုဘားမားနှင့် သူ၏ဇနီး မီချယ် တို့သည် သူတို့၏သမီးနှစ်ယောက်ကို လက်စွဲ၍ ချီကာကို ပန်းခြံအတွင်း ကျင်းပသော အောင်ပွဲခံအခမ်းအနား စင်မြှင့်ပေါ်သို့တက်ခဲ့သည်။ “အမေရိကဟာ အရာအားလုံးကို ဆောင်နိုင်တဲ့နေရာ ဖြစ်တယ်ဆိုတာ သံသယရှိသူများ ရှိနေတယ်။ကျွန်တော်တို့နိုင်ငံ တည်ထောင်သူများ၏ အိပ်မက်များ ယခုတိုင်ရှင်သန်နေသေးတာကို အံ့သြသူ တွေရှိနေသေးသလို ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ တန်ခိုးအာဏာကို မေးခွန်းထုတ်နေသူတွေ ယနေ့ တိုင် ရှိနေပါသေးတယ်၊ ယနေ့ညဟာ သူတို့အတွက်အဖြေပါပဲ ” ဟု နောက်လာမည့် သမ္မတကပြော ကြားခဲ့သည်။ သူသည် သူ၏အရှည်ကြာဆုံးနှင့် အမေရိကန်သမိုင်းတွင် အကုန်အကျအများဆုံး သမ္မတရွေးပွဲဝင်ပြိုင်ဘက် အသက် ၇၂ နှစ်အရွယ် မက်ကိန်းကိုလည်း နွေးထွေးစွာနှုတ်ဆက်ပြော ကြားခဲ့သည်။ မစ္စတာမက်ကိန်းသည် မစ္စတာအိုဘားမားအား သူ၏အောင်မြင်မှုအပေါ် ချီးကျူးစကား ပြောကြားပြီး အရီဇိုးနာ၌ သူ၏စိတ်ဓါတ်ကျနေသော ထောက်ခံသူများအား ပြောကြား ရာတွင် အမေရိကန်ပြည်သူများဟာ အဖြေပေးခဲ့ကြပြီ။ ရှင်းလင်းပြတ်သားစွာ အဖြေပေးခဲ့ပြီးဖြစ်ပါ တယ်။ ဟုပြောကြားခဲ့သည်။
သူက ဆက်လက်ပြောကြားရာတွင် မစ္စတာအိုဘားမားနှင့် သူ၏ ဒုတိယသမ္မတ ဂျိုးဘီတင်၏နောက်တွင် စည်းလုံးညီညွတ်ကြရန် နိုင်ငံသို့ တိုက်တွန်းတောင်းဆို လိုက်သည်။ အီလီနွိုက်စ်ဆီးနိတ်အမတ် အသက်၄၇ နှစ်အရွယ်ရှိ အိုဘားမားသည် ဥပဒေအကြံ ပေးအရာရှိ ကင်းဆပ်စ် ပြည်နယ် လူဖြူမိခင်နှင့် လူမည်းကင်ညာနိုင်ငံသားတို့၏ သားဖြစ်သည်။ အ မေရိကန်ပြည်သူများ၏ မျှော်လင့်ချက်များနှင့်ပြောင်းလဲမှုပြုလုပ်ပေးရန် ကတိပေးချက်ဖြင့် ၂၁လ လုံးလုံး မဲဆွယ် စည်းရုံးခဲ့ခြင်းဖြင့် အိမ်ဖြူတော်သို့ လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံ ရင်ဆိုင်နေရသော ပြဿနာများကို သတိပြုလျက် အိုဘားမားကပြောရာတွင် “သွားရမယ့်ခရီးက အလွန်ရှည်လျားပါတယ်၊ မတ်စောက်တဲ့တောင်ပေါ်တက်သလိုပါပဲ ၊ ကျွန်တော်တို့ တစ်နှစ်တည်း ဒါမှမဟုတ် သက်တမ်းတစ်ခုအတွင်း မရောက်နိုင်ပါဘူး ၊ ဒါပေမယ့် အမေရိကမှာ ဒီပြဿနာတွေ ကိုဖြေရှင်းနိုင်မယ်လို့ ဒီနေ့ညလောက်ဘယ်တုန်းကမှ မျှော်လင့်မထားမိပါဘူး။ ကျွန်တော်တို့ ပန်းတိုင်ရောက်မှာပါ။ ခင်ဗျားတို့ကို ကျွန်တော်ကတိပေးပါတယ်။ ကျွန်တော်တို့ မလွဲမသွေရောက် မှာပါ။” ဟုပြောကြားခဲ့သည်။
အိုဘားမားအနိုင်ရရှိကြောင်းကြေညာပြီးနောက် သူ၏ပြိုင်ဘက် ဟီလာရီကလင်တန်က သူ့အား ထောက်ခံကြောင်းပြောကြားကာ အမေရိကန်နိုင်ငံ၏ ၄၄ ဦးမြောက်သမ္မတ အဖြစ်ရွေးကောက်ပေး လိုက်သော အမေရိကန်ပြည်သူတို့အား ချီးကျူးလိုက်သည်။ အိုဘားမား၏ သမ္မတသက်တမ်းတွင် အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးပေါ်လစီသည် ပုံစံသစ်၊ စတိုင်သစ်ဖြင့် ဆောင်ရွက်လာမည်ဟု မျှော်လင့်ရသည်။ သူက အီရတ်နိုင်ငံရှိ အမေရိကန်တပ်များကို ၁၆လ အတွင်း ရုတ်သိမ်းနိုင်ရန် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။
ကျူးဘားနှင့်အီရန်နိုင်ငံများကဲ့သို့ ဆန့်ကျင်ဘက်နိုင်ငံများ နှင့် ဆွေးနွေးပွဲအသစ်ပြုလုပ်ရန်အတွက် တခါးဖွင့်ပေးရန်တောင်းဆိုခဲ့သည်။ သူက ဂွါတာနာမို ကမ်းခြေအကျဉ်းစခန်းကို ပိတ်ပစ်ရန်တောင်းဆိုခဲ့သည်။ သူသည် ကမ္ဘာလုံးဆိုင်ရာ ပူနွေးလာမှုကို လျော့ချရန် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ထုတ်လုပ်မှု ထိန်းချုပ်ရေးစနစ်ကို ထောက်ခံသည်။
အိုဘားမား၏ ယခုကဲ့သို့ ဂျွန်မက်ကိန်းအပေါ် အပြတ်အသတ်အနိုင်ရရှိလိုက်ခြင်းသည် သမ္မတ ရွေးကောက်ပွဲ နီးကပ်လာချိန်အတွင်း ငွေကြေးဆိုင်ရာ အကျပ်အတည်းကျရောက်လာခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် သူနှင့်သူ၏ အပေါင်းအဖော် ဒီမိုကရက်တို့က မက်ကိန်းနှင့် လူထုထောက်ခံမှု ကျဆင်းနေသော သမ္မတဘုရှ်တို့ဆက်နွယ်မှုကို အောင်မြင်စွာ မီးမောင်းထိုးပြနိုင်ခြင်းကြောင့်လဲ ဖြစ်သည်။ အိုဘားမားသည် သူ၏ဇာတိမြို့၌ သူ့အားထောက်ခံသောလူ ငါးသောင်းတက်ရောက် သောထောက်ခံပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားခဲ့သည်။ ထိုအခမ်းအနားသို့တက်ရောက်သူ များထဲတွင် လူ့အခွင့်အရေးခေါင်းဆောင်နှင့် သမ္မတလောင်းအဖြစ် ယခင်က အရွေးခံခဲ့ဖူးသူ ဂျက်စီဂျက်ဆင် တို့ပါဝင်ခဲ့သည်။ အခမ်းအနားသို့တက်ရောက်သူ အချို့သည် ဝမ်းသာလွန်းအားကြီးပြီး မျက်ရည်များပင်လည်ခဲ့ကြသည်ဟု ဆိုသည်။
အိုဘားမားသည် တဂျီးနီးယားပြည်နယ်တွင် ၄၄နှစ်အတွင်း ပထမဆုံးအနိုင်ရရှိသည့် ဒီမိုကရက်သမ္မတလောင်းစြဖ် တောင်ပိုင်းခွဲ ထွက်ရေး ကွန်ဖက်ဒရိတ်ဂိုဏ်းသားတို့၏ ဘူမိနက်သန်ဖြစ်ခဲ့သော ဗာဂျီးနီးယားပြည်နယ်သည် လွန်ခဲ့သည့်နှစ် ၂၀က လူမည်းအုပ်ချုပ်ရေးမှူး ကိုရွေးချယ်ခဲ့သည့် ပြည်နယ်လည်းဖြစ်သည်။ ဒီမိုကရက်တို့က ယခင်ရီပတ်ဘလီကင်တို့၏ အခိုင် အမာနယ်မြေ များကို ခိုင်မာစွာချုပ်ကိုင်လာနေချိန်တွင် ဘာရက်အိုဘားမားအား ဗာဂျီးနီးယားပြည်နယ် ကအင်္ဂါနေ့တွင် မဲပေးခဲ့ခြင်းဖြစ်သည်။
၁၉၆၄ ခုနှစ်တွင် လင်ဒန်ဂျွန်ဆင်မှ ထိုပြည်နယ်တွင် အနိုင်ရရှိခဲ့ပြီးနောက် ၄၄နှစ်ကြာသည့်အချိန် တွင် အိုဘားမားက ပထမဆုံးဒီမိုကရက်တစ်ဦးအဖြစ် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဒီမိုကရက်တစ် အုပ်ချုပ်ရေးမှူးဟောင်း မတ်ဝါနာအားရီး ပတ်ဘလီကင် အထက်လွှတ်တော်အမတ် ဂျင်မီဂီလ်မိုးစား ရွေးကောက်ခဲ့ကြရာ ဒီမိုကရက်တို့အနေဖြင့် ၁၉၇၀ခုနှစ်မှစ၍ ပြည်နယ်၏ အထက်လွှတ်တော် အမတ်နှစ်နေရာလုံးကို ရခဲ့သည့်ပြည်နယ်ဖြစ်သည်။
ဂျယ်ရယ်ကွန်နော်ကီက အနားယူတော့မည့်လက်ရှိတာဝန်ထမ်းဆောင်နေသူ ရီပတ်ဘလီကင်တွမ် ဒေးဗစ်အားဝါရှင်တန်မြို့ ဆင်ခြေဖုံးမဲဆန္ဒနယ်တစ်ခုတွင် အနိုင်ရရှိခဲ့ရာ ဗာဂျီးနီးယားပြည်နယ်၏ အောက်လွှတ်တော်ကိုယ်စားလှယ် ၁၁နေရာတွင် အနည်းဆုံးတစ်နေရာတွင် အနိုင်ရရှိခဲ့သည်။
ဗာဂျီးနီးယားပြည်နယ်၏ ရွေးကောက်ပွဲ တင်မြှောက်သည့် ၁၃နေရာမှာ ဂျွန်မက်ကိန်းအတွက် အနိုင်ရရေးတွင် အရေးပါသည်ဟု သတ်မှတ်ခြင်းရှိခဲ့ရာ အိုဘားမားကထိုနေရာနှင့် အခြားအဓိကကျသည့် ပြည်နယ်များတွင် အနိုင်ရရှိခြင်းဖြင့် ထိုကိစ္စကို အပြီးသတ်စေခဲ့သည်။ ဗာဂျီးနီးယားပြည်နယ်တွင် ရေထွက်ပြီးသမျှ မဲ ၉၇ရာခိုင်နှုန်းတွင် အိုဘားမားက မက်ကိန်းအားမဲ ပေါင်း ၁၁၈၀၀၀ နီးပါးအသာရခဲ့သည်။ စုစုပေါင်းမဲပေးသူမှာ ၃.၃သန်းကျော်ရှိသည်ဟု ဆိုသည်။
ဗာဂျီးနီးယားတွင် ဒီမိုကရက်တို့က အဓိကရွေးကောက်ပွဲကြီး များဖြစ်သည့် ပြည်နယ်အုပ်ချုပ်ရေး မှူးအဖြစ် နှစ်ကြိမ်နှင့် အထက်လွှတ်တော်အတွက် တစ်ကြိမ်ကို လွန်ခဲ့သည့် နှစ်နှစ်ခန့်က ဆက်တိုက် အနိုင်ရရှိခဲ့ပြီးနောက် ရွေးကောက်ပွဲ အတွက်ကြိုးပမ်းမှုပြုရန် အိုဘားမားက ဆုံးဖြတ် ခဲ့သည်။ ဇွန်လမှစ၍ ပြည်နယ်သို့ ၁၁ကြိမ်သွားရောက်ခဲ့ပြီး မဲဆွယ်ရေးရုံး ၅၀ ဖွင့်ခဲ့ရာ မက်ကိန်းထက် ၃ဆသာခဲ့သည်။ ပြည်နယ်တစ်ခုလုံးတွင် မက်ကိန်းမဲဆွယ်ရေးရုံး ၂၄ခုသာရှိသည်။ မဲဆွယ်မှုအဖွဲ့နှစ်ဘက်လုံးမှ တောရပ်ဒေသတွင် ပိုမိုလုပ်ဆောင်၍ ဗာဂျီးနီးယားကျေးလက်ဒေသ တွင် မဲအသာရရန်မျှော်လင့်ခဲ့ကြသည်။
သမ္မတဘုရှ်အပေါ်မကျေနပ်မှုများ ကျယ်ပြန့်စွာဖြစ်ပေါ်နေ ခြင်းနိုင်ငံ၏ တုံ့ဆိုင်းလျက်ရှိသော စီးပွားရေးနှင့် လူမည်းလူငယ် ပထမအကြိမ် မဲပေးခွင့်ရသူများ၏ စိတ်အားထက်သန်မှုတို့အပေါ်တွင် အိုဘားမားက အကျိုးကျေးဇူးရရှိသွားခြင်း ဖြစ်သည်။ သမိုင်း ကြောင်းအရလည်း ဗာဂျီးနီးယားပြည်နယ်တွင် အိုဘားမားဘက်မှ သာလျက်ရှိခြင်းမှာ ၁၉၈၉ ခုနှစ်တွင် အယ်လ်ဒေါက်ဂလက်စ် ၀ိုလ်းဒါက နိုင်ငံ၏ ပထမဆုံး လူမည်းပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ် မဲအနည်းငယ်မျှနှင့်ကပ်၍ အနိုင်ရရှိခဲ့ခြင်းကြောင့်ဖြစ်သည်။ ယင်း ၁၉၈၉ ဖြစ်ရပ်၌ ရွေးကောက်ပွဲ မတိုင်မီဆန္ဒမဲများ ကောက်ယူခဲ့ရာတွင် ၀ိုင်းလ်ဒါက ဂဏန်းနှစ်လုံးပါ ရာခိုင်နှုန်း ဖြင့်သာလျက်ရှိရာ မဲအနည်းငယ် ဖြင့်ကပ်၍ နိုင်သွားခြင်းမှာ အမှန်ရွေးကောက်ပွဲပြုလုပ်ခဲ့သည့် အင်္ဂါနေ့မတိုင်မီ အိုဘားမား၏ အသာရမှုများမှာ စိတ်ချရခြင်းမရှိကြောင်း သေချာပေါက်လက္ခဏာ များအဖြစ်ပြသခဲ့ခြင်းဖြစ်သည်။
ဝိုင်းလ်ဒါ၏ အနိုင်ရမှုအကြောင်းအရာနှင့် ထိုအဖြစ်အပျက်မတိုင်မီကိစ္စများ အိုဘားမား၏ ဗာဂျီးနီးယား ပြည်နယ်တွင် ယှဉ်ပြိုင်မှုများက အတိတ်ဖြစ်ရပ်များကို ပြန်လည်သတိရစေခဲ့သည်။ အချို့သောသူတို့အတွက် ကြီးမားသည့် စိတ်လှုပ်ရှားမှုများကို ဖြစ်ပေါ်စေခဲ့လေသည်။
No comments:
Post a Comment