၂၀၀၈ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တံခွန်စိုက်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ရေကူးနှင့် ၀ါတာပိုလိုပြိုင်ပွဲဖွင့်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်တပ်မတော်(ရေ) ရေကူးကန်၌ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ရေတပ်သင်္ဘောကျင်းဌာနချုပ်ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဟံစိန် တက်ရောက်၍ အမှာစကားပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိကြသူများအား တာဝန်ရှိသူများက ဆုများကို ပေးအပ်ချီးမြှင့်လိုက်ကြောင်း သတင်းရရှိသည်။
ဆွတ်ခူးရရှိ
ဖွင့်ပွဲအပြီးတွင် ဗိုလ်လုပွဲများကို ကျင်းပရာ ၀ါယာပိုလိုတံခွန်စိုက် ဒိုင်းဆုကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းကလည်းကောင်း၊ အကြီးတန်းရေကူးပြိုင်ပွဲ တံခွန်စိုက်ဒိုင်းဆုကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အသင်းကလည်းကောင်း၊လူသစ်တန်းရေကူးပြိုင်ပွဲ တံခွန်စိုက်ဒိုင်းဆုကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) အသင်းက လည်းကောင်း ဆွတ်ခူးရရှိသည်။ထို့နောက် ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိကြသူများအား တာဝန်ရှိသူများက ဆုများကို ပေးအပ်ချီးမြှင့်လိုက်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment