လေဘေးသင့်ပြည်သူများအတွက် စေတနာရှင် အလှူရှင်များက လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မီးသတ်ဌာန(ရုံးချုပ်)ရှိ မေခလာခန်းမသို့ အလှူရှင် ရှိန်အောင် ကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးဇော်ဦးနှင့် ဒါရိုက်တာဦးပြည့်စုံတို့က ဧရာဝတီတိုင်း လေဘေးသင့်ဒေသရှိ ကျောင်းသား၊ကျောင်းသူများအတွက် ငွေကျပ် ၇ သိန်း ၉ သောင်းတန်ဖိုးရှိ စာရေးကိရိယာများကို လာရောက်လှူဒါန်းရာ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး၊ လေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများလက်ခံရေးနှင့် ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်ဆွေနှင့် တာဝန်ရှိသူများက လက်ခံကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားကြောင်း သတင်းရရှိသည်။
Thursday, January 8, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment