Wednesday, January 7, 2009

(၆၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမတွင် ကမ္ဘာ့နိုင်ငံအကြီးအကဲများထံမှ သ၀ဏ်လွှာများပေးပို့

ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ (၆၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမတွင် ပြည်ထောင်စုမြန်မာနိုငိငံတော်- နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့လည်းကောင်း၊နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး ထံသို့လည်းကောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ထံသို့လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဦးဥာဏ်ဝင်း ထံသို့လည်းကောင်း ကမ္ဘာ့နိုင်ငံအကြီးအကဲများထံမှ ၀မ်းမြောက်သ၀ဏ်လွှာများ ပေးပို့လျက်ရှိသည်။
ဆော်ဒီအာရေဗျ
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ ဆော်ဒီအာရေဗျနိုင်ငံ ဘုရင် အဗ္ဗဒူလ်အာဇစ်အယ်လ်ဆာအုဒ်ထံမှ ပေးပို့သောသ၀ဏ်လွှာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယတွင် ဆော်ဒီပြည်သူများကိုယ်စားအားဖြင့်လည်းကောင်း၊ အစိုးရကိုယ်စားအားဖြင့်လည်းကောင်း၊ မိမိအနေဖြင့်လည်းကောင်း ၀မ်းမြောက်စွာ နှုတ်ခွန်းဆက်သအပ်ပါကြောင်း၊
အဆွေတော် ကျန်းမာပျော်ရွှင်စေရန်နှင့် မြန်မာပြည်သူ၊ ပြည်သားများ စည်ပင်ဝပြောစေရန် ဆန္ဒပြုအပ်ပါကြောင်း ဖော်ပြထားသည်။
ကျုးဘား
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ ကျုးဘားသမ္မတနိုင်ငံ သမ္မတ မစ္စတာရောင်းလ်ကတ်စထရိုရုဇ်ထံမှ ပေးပို့သော သ၀ဏ်လွှာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ (၆၁)နှစ်မြောက်လွတ်လပ်ရေးနေ့ အခါသမယတွင် ကျုးဘားသမ္မတနိုင်ငံအစိုးရအနေဖြင့်လည်းကောင်း၊ မိမိအနေဖြင့်လည်းကောင်း ဂုဏ်ယူဝမ်းမြောက်စွာ နှုတ်ခွန်းဆက်သအပ်ပါကြောင်း။
ကျွန်ုပ်တို့နှစ်နိုင်ငံအကြား ကာလရှည်ကြာချစ်ကြည်ရင်းနှီးမှုသည် အဓွန့်ရှည်ပါစေကြောင်း၊ အဆွေတော်နှင့်တကွ မြန်မာပြည်သူ၊ပြည်သားအားလုံး ချမ်းမြေ့ပျော်ရွှင်ကြပါစေရန် ဆုမွန်ကောင်းများ တောင်းအပ်ပါကြောင်း ဖော်ပြပါရှိသည်။
အင်ဒိုနီးရှား
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးထံသို့ အင်ဒိုးနီးရှား သမ္မတနိုင်ငံ ဒုတိယသမ္မတ မူဟာမက် ယူစွပ်ကာလာထံမှပေးပို့သော သ၀ဏ်လွှာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ (၆၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ဂုဏ်ယူဝမ်းမြောက်စွာ နှုတ်ခွန်းဆက်သပါကြောင်း။
မြန်မာနိုင်ငံနှင့် အင်ဒိုးနီးရှားနိုင်ငံတို့၏ ချစ်ကြည်စွာဆက်ဆံရေးနှင့် အိမ်နီးချင်းကောင်းပီသစွာ ပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံဆက်ဆံရေးကို အဓွန့်ရှည်ကြာစေပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဟု မျှော်လင့်ပါကြောင်း ဖော်ပြထားသည်။

No comments: