Thursday, January 8, 2009

စွမ်းအင်ဝန်ကြီးဌာန ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ


စွမ်းအင်ဝန်ကြီးဌာန၏ Olifield Services & Technology Seminar ဖွင့်ပွဲအခမ်းအနားကို China National Offshore Oil Corporation (CNOOC)၊ China Oilfield Services Limited (COSL) နှင့် Asia World ကုမ္ပဏီတို့၏ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြင့် ဇန်န၀ါရီ ၅ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြတ်တော်ဝင်ဟိုတယ်၌ ကျင်းပသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးချုပ် လွန်းသီ၊ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်သန်းဌေး၊ စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွန်ကြားရေးမှူးများနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ပညာရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ စွမ်းအင်ဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးချုပ် လွန်းသီကအဖွင့်အမှာစကား ပြောကြားရာ၌ ယခုဆွေးနွေးပွဲတွင် COSL ကုမ္ပဏီက တင်ပြဆွေးနွေးမည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေထုတ်လုပ်ရေး နည်းပညာများကို ရနိုင်သမျှ ဆွေးနွေးရယူ၍ ကုန်းတွင်း၊ ကမ်းလွန်ရေနံရှာဖွေထုတ်လုပ်ရေး လုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးချရေးနှင့် ဆွေးနွေးပွဲ ဖြစ်မြောက်အောင် ၀ိုင်းဝန်းပံ့ပိုးပေးကြသော ကုမ္ပဏီများကို ကျေးဇူးတင်ရှိကြောင်းဖြင့် ပြောကြားသည်။

No comments: