
ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်မောင်ဦးအား တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Guan Mu သည် ယနေ့ ညနေ ၅ နာရီတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီး၏ ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စောဝင်း၊ ရုံးအဖွဲ့မှူး ဦးနေမျိုးနှင့် နိုင်ငံဖြတ်ကျော် မှုခင်းဌာန ဌာနမှူး ရဲမှူးကြီးစစ်အေးတို့ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment