Wednesday, January 21, 2009

ဒုတိယရှေ့နေချုပ် ဒေါက်တာထွန်းရှင်အား အာဆီယံအဆင့်မြင့်ဥပဒေရေးရာ ကျွမ်းကျင်သူများအဖွဲ့ တွေ့ဆုံ


ဒုတိယရှေ့နေချုပ် ဒေါက်တာထွန်းရှင်အား မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် အာဆီယံအဆင့်မြင့် ဥပဒေရေးရာကျွမ်းကျင်သူများအဖွဲ့(HLEG)၏ သတ္တမအကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ကြမည့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ ဖြစ်ကြသော သဘာပတိ ထိုင်းနိုင်ငံမှ Mr. Vasin Teeravechyan၊ ဘရူနိုင်း ဒါရုဆလမ်နိုင်ငံမှ Ms. Hjh. Nor Hashima Hj.Mohd Taib၊ ကမ္ဘာဒီးယားနိုင်ငံမှ Mr.Sok Khavan၊အင်ဒိုနီးရှားသမ္မတနိုင်ငံမှ Mr.Rachmat Budiman၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ Mr. Kham Khemaung နိုင်ငံမှ Bounteum ၊မလေးရှားနိုင်ငံမှ Ms. Noor Farida Ariffin ၊ ဖိလစ်ပိုင်သမ္မတနိုင်ငံမှ ၊စင်ကာပူသမ္မတနိုင်ငံမှ Mr. Jeffrey Chan နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှMr. Nguyen Xuan Thuy ၊ အာဆီယံအဆင့်မြင့်ဥပဒေရေးရာကျွမ်းကျင်သူများအဖွဲ့ အတွင်းရေးမှူး Dr. Temsak Chalermpalanupap တို့သည် ဇန်န၀ါရီ ၁၈ ရက်မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ရှေ့နေချုပ်ရုံး သံတမန်ခန်းမသို့ လာရောက်တွေ့ဆုံကြသည်။
ထိုသို့တွေ့ဆုံရာတွင် ရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးတင်မြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments: