Monday, January 19, 2009

ရန်ကုန်-နေပြည်တော်-မန္တလေးကားလမ်း လမ်းပိုင်းအလိုက် အဆင့်မြှင့်တင်ဖောက်လုပ်ခြင်းလုပ်ငန်းများ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကိုကို ကြည့်ရှုစစ်ဆေး

ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကိုကိုသည် ပဲခူးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်လှမင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇန်န၀ါရီ၁၄ရက် နံနက် ၇နာရီခွဲက ရွှေကျင်တပ်နယ်မြ၀တီခန်းမ၌ တပ်နယ်မှ အရာရှိ စစ်သည် မိသားစုဝင်များအား တွေ့ဆုံပြီး မြို့မပွဲကုန်းရပ်ရှိ တောင်သူ ဦးစိုးတင့်၏ မြေပဲစိုက်ခင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဗိုလ်ချုပ်ကိုကိုနှင့် အဖွဲ့ဝင်များသည် ရန်ကုန်-နေပြည်တော်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၁၀၇/၄)နှင့် (၁၀၇/၅) အကြားရှိ လမ်းအသုံးပြုခ ကောက်ခံရေးစခန်း (Toll Gate) ဆောက်လုပ်ပြီးစီးမှုနှင့် စခန်းတွင် တပ်ဆင်အသုံးပြုမည့် ခောတ်မီစက်ကိရိယာများကို လည်းကောင်း၊ ကညွတ်ကွင်းမြို့ မိုင်တိုင်အမှတ်(၁၃၂/၄)နှင့် (၁၃၂/၅)အကြား၌ လမ်းပြုပြင် ဆောင်ရွက်နေမှုကို လည်းကောင်း၊ အုတ်တွင်းမြို့နယ် မိုင်တိုင်အမှတ် (၁၆၄/၄)နှင့် (၁၆၄/၅)အကြား၌ လမ်းပိုင်းအလိုက် ထပ်ပိုးလွှာတင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

No comments: