

မြန်မာနိုင်ငံဂေါက်သီးရိုက်အဖွဲ့ချုပ်နှင့် Myanmar P.G.A တို့ကကြီးမှူး၍ International Beverages Trading Co,Ltd. က အဓိကကူညီပံ့ပိုးသော မြန်မာ-ပြည်တွင်းပတ်လည် ဂေါက်သီးရိုက် ပြိုင်ပွဲ (Myanmar Golf Tour 2008-2009)၏ ဒုတိယပွဲစဉ် အဖြစ် IBTC Open Golf Championships ဂေါက်သီးရိုက် ပြိုင်ပွဲ စတုတ္ထနေ့ပြိုင်ပွဲနှင့် ဆုချီးမြှင့်သည့် အခမ်းအနားကို ဇန်န၀ါရီ ၁၄ ရက်တွင် မန္တလေးတိုင်း မန္တလေးမြို့ရှိ ရေတံခွန်တောင် ဂေါက်ကွင်း၌ ဆက်လက်ကျင်းပသည်။
စတုတ္ထနေ့ ၁၈ ကျင်းပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့် အခမ်းအနားကို ကျင်းပရာ International Beverages Trading Co.,Ltd Executive Director ဦးတင့်ဦးက Hole-In-One ဆုရရှိကြသောသန်းနိုင် (SRIXON) နှင့် အေးကို (SRIXON) တို့အားလည်းကောင်း၊ မြန်မာနိုင်ငံဂေါက်သီးရိုက်အဖွဲ့ချုပ်အမှုဆောင်ဦးကိုကိုလေးက အမျိုးသားအပျော်တမ်းနေ့အလိုက်အကောင်းဆုံးရိုက်ချက်ဆု (Daily Best ) ရရှိကြသူများအား လည်းကောင်း ဆုများကို ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် International Beverages Trading Co.,Ltd Executive Director ဦးတင့်ဦးက အမျိုးသား အပျော်တမ်း အဆင့်ပြိုင်ပွဲတွင် စုစုပေါင်း ရိုက်ချက် ၂၈၅ ချက်ဖြင့် ဒုတိယရရှိသောနေဗလ၀င်းမြင့်နှင့် စုစုပေါင်းရိုက်ချက် ၂၈၄ ချက်ဖြင့် ပထမရရှိသော ဘိုဘိုတို့အားလည်းကောင်း၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ မြို့တော်ဝန်ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန်က Professional Golfers အဆင့် ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၈၄ ချက်ဖြင့် တတိယရရှိသော ဇော်ဇော်လတ် (SRIXON) ၊စုစုပေါင်းရိုက်ချက် ၂၈၀ ချက်ဖြင့် ပထမဆုရရှိသော မင်းနိုင် (SRIXON) တို့အားလည်းကောင်း ဆုများကို ပေးအပ်ချီးမြှုင့်ကြပြီး ပထမဆုရရှိသော မင်းနိုင် (SRIXON) အား ပထမဆုဖလားနှင့် ဆုကြေးငွေကျပ် (ချက်လက်မှတ်) ကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ မြန်မာနိုင်ငံဂေါက်သီးရိုက်အဖွဲ့ချုပ် ဥက္ကဌကိုယ်စား ဒုတိယဥက္ကဌ ဦးမင်းသိန်းက အမျိုးသားအပျော်တမ်းအဆင့်ပြိုင်ပွဲတွင် ပထမရရှိသော ဘိုဘိုအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ Professional Golfers အဆင့်ပြိုင်ပွဲတွင် ပထမရရှိသော မင်းနိုင် (SRIXON) အားဆုကြေးငွေ ကျပ် (ချက်လက်မှတ်) ကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် International Beverages Trading Co.,Ltd က ချီးမြှင့်သောအမှတ်တရလက်ဆောင်နှင့် ဂေါက်ကွင်းအတွက် ဂုဏ်ပြုငွေကျပ် ၁၀ သိန်းကို IBTC မှ Executive Director ဦးတင့်ဦးက လည်းကောင်း၊ မြန်မာနိုင်ငံဂေါက်သီးရိုက်အဖွဲ့ချုပ်အမှုဆောင်ဦးချမ်းဟန်ကလည်းကောင်းပေးအပ်ရာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတွဲဖက် အတွင်းရေးမှူး ဦးစန်းမောင်က လက်ခံသည်။
အဆိုပါပြိုင်ပွဲကို မြန်မာဂေါက်သီးအကျော်အမော်များပေါ်ထွက်လာရေးအတွက် ရည်ရွယ်၍ Main Sponsor အဖြစ် International Beverages Trading Co.,Ltd.က အဓိကကူညီပံ့ပိုးပြီး Co-Sponsors များဖြစ်ကြသော Air Bagan Ltd.,Hotel Yangon,Ruby Dragon (Jade and Gems ) Co.,Ltd, KBZ Bank Ltd.,MGW Construction Ltd., Alpine Purified Drinking Water, MY Associates Co.,Ltd., Srixon, ကျားခေါင်းဘိလပ်မြေ, KM Golf Center, ACCEL International Co.,Ltd(Canon),Lifeline ) (DHEA-Plus ) နှင့် ဆင်မင်းပုဆိုးတို့ကလည်း ထပ်မံ၍ ပံ့ပိုးကူညီကြကာ ပြိုင်ပွဲဖြစ်မြောက်အောင်မြင်ရေးအတွက် Han Event Managenent က တာဝန်ယူဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။
No comments:
Post a Comment