
နိုင်ငံတော်အတွင်း လူမှုစီးပွားရေးအခြေအနေ ဖွံ့ဖြိုးတိုးတက်မှုများကြောင့် ကုန်စည်စီးဆင်းမှုများ များပြားလာခြင်း၊ မော်တော်ယာဉ်စီးရေ တိုးတက်များပြားလာခြင်းတို့ကြောင့် ဒေသခံပြည်သူများ သွားလာမှု လွယ်ကူ ချောမွေ့စေရန်အတွက် ပြည်နယ်နှင့် တိုင်းအနှံ့ လမ်း၊ တံတားများကို တည်ဆောက်ဖော်ဆောင် ပေးလျက် ရှိသည်။
ရာသီမရွေး
မြစ်ချောင်း အင်းအိုင်ပေါများလှသည့် ဧရာဝတီတိုင်းအတွင်း လမ်းတံတားများ တည်ဆောက် ဖွင့်လှစ် ပေးနိုင်ခဲ့သဖြင့် ရေလမ်းကို အားထားခဲ့သည့် ဧရာဝတီတိုင်းနေဒေသခံများမှာ ယခုဆိုပါလျှင် အချိန်တိုအတွင်း ကုန်းလမ်းခရီးဖြင့် လိုရာခရီးသို့ ရာသီမရွေး၊ ချိန်ခါမရွေး သွားလာနိုင်ကြပေပြီ။သုံးခွချောင်းတံတား
၂၀၀၉ခုနှစ် ဇန်န၀ါရီ ၁ရက် နှစ်သစ်အခါသမယတွင် ဧရာဝတီတိုင်း၏ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် ပန်းတနော်မြို့နယ် ပန်းတနော်-အိမ်မဲလမ်းပေါ် သုံးခွချောင်းတံတား (ကျုံတိုင်းကြီး)ကို ဖွင့်လှစ်ပေးခဲ့သည်။၂၁၇စင်းမြောက်
သုံးခွချောင်းတံတား (ကျုံတိုင်းကြီး)သည် နိုင်ငံတော်တစ်ဝန်း တည်ဆောက်ပြီးဖြစ်သည့် ပေ၁၈၀နှင့် အထက် တံတားများတွင် ၂၁၇စင်းမြောက် တံတားဖြစ်ပြီး ဧရာဝတီတိုင်း၌ ၄၄စင်းမြောက် တည်ဆောက် ဖွင့်လှစ် ပေးခဲ့သည့် တံတားလည်း ဖြစ်သည်။တိုးတက်ဝေဆာ
တံတားအရှည်ပေ ၂၇၀ရှိသည့် သုံးခွချောင်းတံတား (ကျုံတိုင်းကြီး)မှာ မြောင်းမြမြို့နယ်နှင့် အိမ်မဲမြို့နယ်ရှိ ဒေသခံကျေးရွာများစွာမှ ပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည်တို့ကို ပိုမိုအကျိုးပြုနုင်ရုံမျှသာမက ဧရာဝတီတိုင်းအတွင်းရှိ မြို့ပြနှင့် ကျေးလက်ဒေသများမှာလည်း ပိုမိုဖွံ့ဖြိုးတိုးတက် ဝေဆာလာနေပြီဖြစ်ပါကြောင်း သတင်းမှတ်စုအဖြစ် မှတ်တမ်းပြု ဖော်ပြလိုက်ရပါသည်။
No comments:
Post a Comment