ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးသိန်း အမှတ်(၂) လယ်ယာသုံးစက်ပစ္စည်းစက်ရုံ (မလွန်)နှင့် Heavy Turbo Truck Assembly & Component Parts ထုတ်လုပ်မှုစက်ရုံ စီမံကိန်းတို့ကို ကြည့်ရှုစစ်ဆေး
အမှတ်(၂)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးသိန်းသည် ဇန်န၀ါရီ ၁၇ ရက် ညနေပိုင်းတွင် အမှတ် (၂) လယ်ယာသုံး စက်ပစ္စည်းထုတ်လုပ်စက်ရုံ(မလွန်) သို့ ရောက်ရှိပြီး ၀န်ထမ်းများနှင့် တွေ့ဆုံကာ အရည်အသွေးကောင်းမွန်သော လယ်ယာသုံးလက်တွန်းထွန်စက်များ၊ လမ်းကြိတ်စက်များကို ယခုဘဏ္ဍာရေးနှစ်အတွင်း ကြိုးစားရောင်းချနိုင်ရေး ဆောင်ရွက်ကြရန်၊ အခြားဌာနဆိုင်ရာများအတွက် လိုအပ်သော စက်အပိုပစ္စည်းအစိတ်အပိုင်းများကိုလည်း မှာယူသူစိတ်ကြိုက် ထုတ်လုပ်ပေးသွားရန်နှင့် မိမိတို့ စက်ရုံတစ်ခုနှင့် တစ်ခုချိတ်ဆက် ဆောင်ရွက်နေမှုကို အရှိန်အယူမြှင့် ဆောင်ရွက်ကြရန် မှာကြားသည်။
ဝန်ကြီးသည် ဇန်န၀ါရီ၁၈ရက် နံနက်ပိုင်းတွင် Heavy Turbo Truck Assembly & Component Parts ထုတ်လုပ်မှုစက်ရုံစီမံကိန်း(မကွေး) စီမံကိန်းရှင်းလင်းဆောင်၌ အလျား မီတာ ၂၅၀၊ အနံမီတာ ၉၀ ရှိသည့် စက်ရုံအဆောက်အအုံအတွက် Foundation လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကာ ပြည်ပမှ စက်ပစ္စည်းများ မရောက်ရှိမီ ကြိုတင်ပြီးစီးစေရေး ဆောင်ရွက်ရန်နှင့် တည်ဆောက်မှုလုပ်ငန်းများကိုလည်း စံချိန်စံညွှန်အတိုင်း အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

မှာကြားခဲ့

No comments:
Post a Comment