Monday, January 19, 2009

နိုင်ငံတော်သစ်ဖြစ်ထွန်းပေါ်ပေါက်ရေးအခြေခံများ ချမှတ်ပေးနေ နိုင်ငံတော်၏စေတနာ အလေးထားသိမြင် လက်တွဲပါဝင်

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ်ရှိ အမှတ်(၂)စက်မှုဝန်ကြီးဌာန စက်နှင့်စက်ကိရိယာပစ္စည်း ထုတ်လုပ်မှုစက်ရုံ(မြိုင်) ဖွင့်ပွဲအခမ်းအနားကို အဆိုပါ စက်ရုံ၌ ဇန်န၀ါရီလ ၁၇ရက်နေ့က ကျင်းပခဲ့ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
နိုင်ငံတော်၏ စက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်နိုင်ခြင်းဖြစ်ရာ နိုင်ငံတော်ကို ခောတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အဖြစ်သို့ စနစ်တကျအသွင်ကူးပြောင်းနိုင်ရန် ကြိုးပမ်းထူထောင်ရာ၌ သာမန်လုပ်ရိုးလုပ်စဉ် ဆောင်ရွက်နေခြင်းမျိုးမဟုတ်ဘဲ ပြည်သူအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် အထူးစီမံကိန်းများကို ကြိုးပမ်းဖော်ဆောင်ပေးနေခြင်းပင် ဖြစ်သည်။
္က္ပဤသည်မှာ ပြည်ထောင်စုကြီး၏နယ်မြေ တစ်ခုနှင့်တစ်ခုအကြား ကွာဟချက်များ လျော့နည်းစေပြီး ဒေသအားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။
နိုင်ငံတော်အစိုးရသည် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ စက်ရုံထုတ်ကုန်များ၏ အရေအတွက်နှင့် အရည်အသွေးတိုးတက်မြင့်မားရေး၊ စက်ကိရိယာ အမယ်သစ်များ တိုးတက်ထုတ်လုပ်ရေး၊ စက်မှုလုပ်ငန်းသုံးစက်ကိရိယာများ ထုတ်လုပ်နိုင်ရေး၊ နိုင်ငံတော်ကို စက်မှုနိုင်ငံအဖြစ် ပြောင်းလဲနိုင်ရန် အခြေခံကောင်းများ ရရှိရေး ဦးတည်ချက်များနှင့်အညီ စက်မှုလုပ်ငန်းများ ထူထောင်ပေးနေခြင်းဖြစ်သည်။
နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် မြှင့်တင်တည်ဆောက်ရာ၌ လိုအပ်ချက် များပြားသည့် ဒေသများကို အလေးထားမြှင့်တင် ဆောင်ရွက်ပေးနေပြီး ဒေသခံတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရန်၊ ဆင်းရဲနွမ်းပါးမှု လျော့နည်းပပျောက်စေရန်၊ လူမှုစီးပွားဘ၀ မြှင့်တင်နိုင်ရန် အဓိကဦးတည် ကြိုးပမ်းနေခြင်းလည်း ဖြစ်ပေသည်။
အေးချမ်းသာယာပြီး ခောတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ကြီး ဖြစ်ပေါ်လာစေရန် အခြေခံအုတ်မြစ်ကောင်းများ ချမှတ်တည်ဆောက်ပေးလျက်ရှိရာ တိုင်းရင်းသားပြည်သူများအပိုင်းက နိုင်ငံတော်၏ စေတနာကို သိမြင်သဘောပေါက်ပြီး ဇွဲ၊ လုံ့လ၊ ၀ီရိယအား၊ ခိုင်ကျည်လေးနက်သည့် စည်းလုံးညီညွတ်မှုစွမ်းအားတို့ဖြင့် ပါဝင်စွမ်းဆောင်သွားကြရမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments: