Monday, January 19, 2009

Software Engineer တစ်ဦးဖြစ်လိုသူများအတွက် ဟောပြောပွဲ ကျင်းပမည်

IT Industry WGif Software Engineer တစ်ဦးအဖြစ် ၀င်ရောက် လုပ်ကိုင်လိုသူများအတွက် အချိန်တိုအတွင်း အရည်အချင်းပြည့်ဝသော Software Engineer ဖြစ်နိုင်မည့် အခွင့်အရေးများနှင့် စပ်လျဉ်း၍ Myanmar Information Technology Pte Ltd.မှ ဦးဇော်မိုးထွန်းက ဇန်န၀ါရီ ၂၁ ရက်နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ပြည်လမ်း ရှစ်မိုင် အမှတ် ၁၁၂ ၊ အခန်းအမှတ် (၁၁-၁၂) ရှိ Myanmar Professionals Education Centre သင်တန်းခန်းမ၌ ဟောပြောမည်ဖြစ်သည်။
ဟောပြောပွဲတွင် Software Engineer အဖြစ် ၀င်ရောက်လုပ်ကိုင်လိုသူများအတွက် ရည်ရွယ်၍ဖွင့်လှစ်သင်ကြားလျက်ရှိသော Diploma in Software Engineering တွင် သင်ကြားမည့် အဓိကဘာသာရပ်ကြီးခြောက်ခုနှင့် လက်တွေ့လုပ်ငန်းခွင် အသုံးချ Project ရေးသား၍ ရရှိသောအတွေ့အကြုံများ၏ အကျိုးကျေးဇူးများကိုပါ ရှင်းလင်းဟောပြောမည်ဖြစ်ပြီး စိတ်ဝင်စားသူများသည် Myanmar Professional Education Centre (MPEC) ဖုန်း-၆၆၈၇၇၉၊၆၆၈၂၅၉ နှင့် ၆၅၀၁၂၄ တို့သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သိရှိရသည်။

No comments: