Thursday, March 6, 2008

အာမေးနီးယားတွင်ဆန့်ကျင်ဆန္ဒပြသူ၃၀

အာမေးနီးယားနိုင်ငံတွင်း၌ ပေါ်ပေါက်သော မတည်ငြိမ်မှုအခြေအနေကို ဆူပူမှုဖြစ်ပွားအောင် လှုံ့ဆော်သည့် အတွက် ဆန့်ကျင်ဆန္ဒပြသူ လူ ၃၀ ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ရှေ့နေချုပ်က မတ် ၄ ရက်တွင် ပြောကြားသည်။ အာမေးနီးယားနိုင်ငံသည် ယခင်ဆိုဗီယက်ပြည်ထောင်စုတွင် ပါဝင်ခဲ့သော ဒေသတစ်ခု ဖြစ်သည်။ နိုင်ငံတွင်း၌ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းရန် လိုအပ်သည်ဟု အာမေးနီးယား စစ်ဘက်အကြီးအကဲက ပြောကြားသည်။ အတိုက်အခံများကမူ အာဏာပိုင်များသည် ရရှိထားသော အခွင့်အာဏာ ကို အလွဲသုံးစား ပြုသည်ဟု စွပ်စွဲကြသည်။ လက်တစ်ဆုပ်စာ အရေအတွက်မျှသာ ရှိသော ထင်ရှားသည့် အတိုက်အခံ ခေါင်းဆောင်အချို့ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ ၄င်းတို့အား အာဏာသိမ်းရန် ကြံစည်မှု၊ တရားမ၀င် လက်နက်ကိုင်ဆောင်မှုတို့ဖြင့် ဖမ်းဆီးခြင်းဖြစ်သည်။ ဆန့်ကျင် ကန့်ကွက်သူများသည် ဖေဖေါ်ဝါရီ ၁၉ ရက် သမ္မတရွေးကောက်ပွဲ ရလဒ်ကို မကျေနပ်သဖြင့် ဆန္ဒပြကြခြင်းဖြစ်သည်။

No comments: