
ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီးဒေါက်တာ ကျော်မြင့်သည် ဒုတိယ၀န်ကြီး ဒေါက်မြဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ၉နာရီခွဲတွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ကျန်းမာရေးဦးစီးဌာနသို့ သွားရောက်၍ လေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလှမြင့်က ရန်ကုန်တိုင်းအတွင်း လေဘေးသင့်ပြည်သူများအား မြို့နယ်အလိုက် ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေ ကိုလည်းကောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးက ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများ၏ ကယ်ဆယ်ရေးစခန်းများ၌ ကျန်းမာရေးစောင့်ရှောက်ပေးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ၀န်ကြီးက ကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်မီ ဆောင်ရွက်ထားရှိရန်နှင့် လက်ရှိ ရောဂါကူးစက်မှုထိန်းချုပ်ထားနိုင်မှု အခြေအနေကို ဆက်လက်ထိန်းသိမ်းထား နိုင်အောင် ကြိုးစားသွားကြရန် မှာကြားပြီး လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ၀န်ကြီး၊ ဒုတိယ၀န်ကြီးနှင့် အဖွဲ့ဝင်များသည် ဒဂုံ မြို့သစ်(တောင်ပိုင်း) (၅၅)ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း ကယ်ဆယ်ရေးစခန်း၊အမှတ်(၅၄)ရပ်ကွက် ပုဂံလမ်းရှိ သာသနာဓဇ ဓမ္မာရုံ ကယ်ဆယ်ရေးစခန်းနှင့် အမှတ်(၁၇) ရပ်ကွက်ရှိ ကယ်ဆယ်ရေးစခန်း တို့သို့ သွားရောက်၍ ကယ်ဆယ်ရေးစခန်းများရှိ ကျန်းမာရေးဆေးပေးခန်း၊ မိသားစုများ ရွက်ဖျင်တဲများနှင့် ပက်ဝန်းကျင် သန့်ရှင်းရေး လိုအပ်ချက် များကို ကြည့်ရှုစစ်ဆေး၍ မြို့နယ် အတွင်း လေဘေးသင့် ပြည်သူများ၏ မိသားစု၊ နေထိုင်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပေးနိုင်ရန် တာဝန်ရှိသူများ အား ညှိနှိုင်းဆောင်ရွက်ပေးသည်။
No comments:
Post a Comment