
ကာကွယ်ရေးဦးစီးချုပ်ေ(ရ) ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းသည် မေ၁၁ရက်မွန်းလွဲပိုင်းတွင် ဟိုင်းကြီးကျွန်းမြို့ ပြင်ခရိုင်နှင့် သက္ကယ်သောင်ကျေးရွာအုပ်စုရှိ ကယ်ဆယ်ရေးစခန်းများ၌ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများ ဖြန့်ဝေနေမှုကို ကြည့်ရှုစစ်ဆေးပြီး လေဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကား ပြောကြားကာ တာဝန်ရှိသူများအား ကျန်းမာရေးနှင့် ပက်သက်၍ ကူးစက်ရောဂါများ မဖြစ်ပွား နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးဆိုင်ရာ နှိုးဆော်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်(ရေ)သည် မေ၁၃ ရက်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၁)၊ (၂)၊ (၃) ရပ်ကွက် များရှိ လေဘေးဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အအုံများစတင်၍ ပြန်လည်ပြုပြင်နေမှုကို လှည့်လည် ကြည့်ရှုပြီး အခြေခံပညာအထက်တန်းကျောင်း၌ လေဘေးဒဏ်ခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားကာ တာဝန်ရှိသူများအား ပြန်လည်ပြုပြင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း ၊ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ မှ ပေးပို့ သော ကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများကို လေဘေးဒဏ်ခံ ပြည်သူများထံ အမြန်ရောက်ရှိရေး နှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးမှာကြားသည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) သည် မေ၁၄ရက် နံနက်ပိုင်းတွင် ဟိုင်းကြီးကျွန်းမြို့တိုက်နယ် ဆေးရုံသို့ သွားရောက်၍ စေတနာရှင် လူငယ်ဆရာဝန်များအဖွဲ့မှ ဆေးဝါးပစ္စည်းများ လှူဒါန်းပွဲသို့ တက်ရောက် အားပေးသည်။
ထိုမှတစ်ဆင့် ရေယာဉ်ဖြင့် ဟိုင်းကြီးကျွန်းမြို့ရှိ ကံချိုင်ရွာ၊ ကျောက်ချောင်းရွာ ၊ ကညင်ချောင်းတောင်နှင့် ကုန်းတန်းရွာ၊ မဲခရဲရွာများ၌ လေဘေးဒဏ်သင့်ပြည်သူများအားအားပေးစကား ပြောကြားပြီး အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီမှ ပေးပို့သော ကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ် ကာ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ လေဘေးဒဏ်ခံ ပြည်သူများထံ အမြန်ရောက်ရှိရေးလုပ်ငန်းများ၊ ရေချိုရရှိရေးလုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment