
လေဘေးသင့်ပြည်သူများအတွက် တနင်္သာရီတိုင်း မှ စေတနာရှင်ပြည်သူများက အလှူငွေနှင့် အထောက်အပံ့ ပစ္စည်းများ လှူဒါန်းပွဲကို မေ၁၃ရက် နံနက် ၉နာရီတွင် မြိတ်မြို့ အထက(၁) ပညာ့ ဗိမာန်ခန်းမ၌ ကျင်းပရာ တနင်္သာရီတိုင်း အေးချမ်းသာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာန ချုပ် တိုင်းမှူးဗိုလ်ချူပ်ခင်ဇော်ဦးက အမှာစကားပြောကြားပြီး စေတနာရှင်ပြည်သူများက အလှူငွေနှင့် အထောက်အပံ့ ပစ္စည်းများ လှူဒါန်းကြရာ တိုင်းမှူးနှင့်တာဝန်ရှိသူများက လက်ခံကြသည်။တနင်္သာရီတိုင်းမှ စေတနာရှင်ပြည်သူများ၏ မေ၁၃ရက် လှူဒါန်းမှုမှာ တနင်္သာရီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ငွေကျပ် သိန်း၃၀၀၊ ကမ်းရိုတန်းဒေသ တိုင်းစစ်ဌာနချုပ်က ငွေကျပ်သိန်း၂၀၀၊ တနင်္သာရီတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးအသင်းက ငွေကျပ် ၁၀သိန်း ၊ တိုင်းမိခင်နှင့် ကလေးစောင့်ရှောက်ရေး ကြီးကြပ် ရေးအဖွဲ့က ငွေကျပ် ၁၀သိန်း၊ တိုင်းအမျိုးသမီးရေးရာအဖွဲ့က ငွေကျပ်၁၀သိန်း၊ တိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်ဦးနှင့် ဇနီး ဒေါ်ခင်သန်းဌေး မိသားစုက ငွေကျပ်သိန်း၃၀ တန်ဖိုးရှိ စားသုံးဆီ ပိဿာ ၁၀၀၀၊ ဦးလှသန်း မိသားစုက ငွေကျပ်၂၀၅သိန်းတန်ဖိုးရှိ ပစ္စည်း မျိုးစုံ၊ ထိုင်းနိုင်ငံ ရနောင်းခရိုင်ဝန်နှင့်အဖွဲ့က ငွေကျပ် ၁၀၈သိန်း ငါးသောင်း တန်ဖိုးရှိ ပစ္စည်းမျိုးစုံ ၊ ဦးကျော်လွင် မိသားစုက ငွေကျပ်သိန်း ၁၀၀တန်ဖိုးရှိ ပစ္စည်းရှိ မျိုးစုံ၊ ဦးတီပိုးက ငွေကျပ်သိန်း ၉၀တန်ဖိုးရှိ အိမ်ဆောက်ပစ္စည်းများ၊ သီတာရေ လုပ်ငန်းက ငွေကျပ် ၈၁သိန်း ငါးသောင်းတန်ဖိုးရှိ အိမ်ဆောက်ပစ္စည်းများ၊ ဦးသုခ မိသားစုက ငွေကျပ်သိန်း ၄၀တန်ဖိုးရှိ ငါးသေတ္တာများ၊ ဦးမြသောင်းမိသားစုက ငွေကျပ်သိန်း ၄၀တန်ဖိုးရှိ ခေါက်ဆွဲခြောက်များ ဦးစိန်ကား မိသားစုက ငွေကျပ်သိန်း ၄၀တန်ဖိုးရှိ ပစ္စည်းမျိုးစုံ၊ ဦးတင်မြင့်မိသားစုက ငွေကျပ် ၃၇သိန်း၊ မြိတ်ဈေးသူ ၊ ဈေးသားများက ငွေကျပ် ၃၁၅၁၂၈၅ ၊ အဆောင်ကောင်း ကုမ္ပဏီက ငွေကျပ်သိန်း၃၀ ဦးစိုးဝင်းမိသားစုက ငွေကျပ်သိန်း ၃၀၊ ဗင်းတေ့ခ်ျ ကုမ္ပဏီက ငွေကျပ်သိန်း ၃၀တန်ဖိုးရှိ အိမ်ဆောက်ပစ္စည်းများ၊ ကော့သောင်းခရိုင်မှ မစ္စတာချိုင် ဂျွန် နသန်က ငွေကျပ်သိန်း ၂၀တန်ဖိုးရှိ အိမ်ဆောက်ပစ္စည်းများ ၊ ဦးစောဂျက်မိသားစုက ငွေကျပ်သိန်း၂၀၊ ဦးခင်ဝင်းမိသားစုက ငွေကျပ် ၁၆၃၂၀၀၀၊ ဖိုးလမင်းကုမ္ပဏီက ငွေကျပ်၁၅သိန်း တန်ဖိုးရှိ စားသုံးဆီ၊ မြန်မာ M.S.C ကိုရီးယားကုမ္ပဏီက ငွေကျပ် ၁၁သိန်း၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ၀န်ကြီးဌာန တနင်္သာရီတိုင်း ၀န်ထမ်းမိသားစုက ငွေကျပ် ၁၀သိန်း ၊ နေလစတိုးက ငွေကျပ် ၁၀သိန်း၊M.T.Oကုမ္ပဏီက ငွေကျပ်၁၀သိန်း၊ ဦးကျောက်စိမ်းမိသားစုက ငွေကျပ် ၁၀သိန်း အပါအ၀င် စေတနာအလှူရှင်များ၏ လှူဒါန်းငွေနှင့် ပစ္စည်း တန်ဖိုးစုစုပေါင်းမှာ ငွေကျပ် ၁၅၄၅၈၃၂၈၅ ဖြစ်ကြောင်းသတင်းရရှိသည်။
No comments:
Post a Comment