၂၀၀၈ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလ နေပြည်တော်၌စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်၆နာရီတွင် နေပြည်တော်၌ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးချုပ်သူရအေးမြင့်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဝင်များဖြစ်ကြသောဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်အေးမြင့်ကြူနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် အောင်မျိုးမင်း၊ ၀န်ကြီးဌာနအသီးသီးတို့မှ တာဝန်ရှိသူများ၊ ၀န်ထမ်းများ၊ ၀န်ထမ်းမိသားစု၊ နေပြည်တော် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ တပျော်တပါး ပါဝင်ဆင်နွှဲကြသည်။
ထို့နောက် စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသူများအား အားကစားဝန်ကြီးဌာန ၀န်ထမ်းမိသားစုများနှင့် မြတ်တော်ဝင်ဟိုတယ် မိသားစုတို့က စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်များဖြင့် ကျွေးမွေးဧည့်ခံကြသည်။
စုပေါင်းလမ်းလျှောက်
ရှေးဦးစွာ စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွဲကြသူများသည် နေပြည်တော်မြို့မဈေးစုရပ်မှ တောင်တွင်းကြီး-တောင်ညို-နေပြည်တော်ပျဉ်းမနားလမ်းအတိုင်း စုပေါင်းလမ်းလျှောက်ကြ၍ သပြေကုန်းအ၀ိုင်းမှတစ်ဆင့် နေပြည်တော်ပျဉ်းမနား-တောင်ညို-တောင်တွင်းကြီးလမ်းအတိုင်း စုပေါင်းလမ်းလျှောက်ကြကာ နေပြည်တော်မြို့မဈေး စုရပ်သို့ပြန်လည်ရောက်ရှိကြပြီး စုရပ်တွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ်အတွဲ(၁)နှင့်(၂)တို့ကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လေ့ကျင့်ခန်းများပြုလုပ်ကြသည်။ထို့နောက် စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသူများအား အားကစားဝန်ကြီးဌာန ၀န်ထမ်းမိသားစုများနှင့် မြတ်တော်ဝင်ဟိုတယ် မိသားစုတို့က စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်များဖြင့် ကျွေးမွေးဧည့်ခံကြသည်။
No comments:
Post a Comment