နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဧရာဝတီတိုင်းအတွင်းရှိ လေဘေးသင့်ဒေသများဖြစ်သည့် မော်လမြိုင်ကျွန်းမြို့၊ လပွတ္တာမြို့သို့ ဒီဇင်ဘာလ ၂၈ရက်နေ့က သွားရောက်ပြီးမြို့နယ်အလိုက် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ၊ စံပြကျေးရွာများရှိ တည်ဆောက်ထားရှိမှုများ ၊ နွေစပါးနှင့်ဆောင်းသီးနှံ စိုက်ပျိုးဖြစ်ထွန်းနေမှုများ ၊ ဒီရေတောနှင့် လေကာပင်တန်း တည်ရှိနေမှုများကို ကြည့်ရှု့စစ်ဆေးသည်။
နိုင်င့တော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ခရီးစဉ်အတွင်းဒေသဆိုင်ရာ တာဝန်ရှိသူများ ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ၌ ဧရာဝတီတိုင်း၏ ကြွယ်ဝသော သဘာဝအရင်းအမြစ်များကို ဖော်ထုတ်အသုံးချပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရေး၊ မြို့နှင့်ကျေးရွာများ ခေတ်မီဖွံ့ဖြိုးစည်ပင်လာရေး ၊ လမ်းပမ်းဆက်သွယ်မှု ပိုမိုကောင်းမွန်လာစေရန် ဖော်ဆောင်လုပ် ကိုင်သွားရေးတို့နှင့် စပ်လျဉ်း၍ လမ်းညွှန်မှာကြားသည်။
ဧရာဝတီတိုင်းသည် စိုက်ပျိုးမြေများစွာရှိပြီး စိုက်ပျိုးရေးလုပ်ငန်း ၊ ရေလုပ်ငန်းနှင့် ဆားလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်သဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများစွာရှိသည်။ မြစ်ချောင်းပေါများသောဒေသဖြစ်၍ တစ်ချိန်သောအခါက ကူုးသန်းသွားလာရာတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ကြရသည်။ ယခုအခါ မြစ်ကူးချောင်းကူးတံတားကြီးများနှင့် ကားလမ်းတည်ဆောက်ဖော်လုပ် နိုင်မှုကြောင့် လွယ်ကူစွားသွားလာနိုင်ပြီး ရောင်းဝယ်ဖော်ကားမှုများ ဖွံ့ဖြိုးစည်ပင်လျက်ရှိသည်။
ဧရာဝတီတိုင်းအတွင်းရှိ ဒေသအချို့တွင် လေမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ကြုံတွေ့ကြရ သော်လည်း နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ စေတနာရှင် အလှူရှင်များ ၊ တိုင်းရင်းသားလုပ်ငန်းရှင် များ၏ ပံ့ပိုးကူညီမှုညီတို့ဖြင့် မြို့ပြ၊ ကျေးရွာမျာူးူပြန်လည်ထူထောင် တည်ဆောက်နိုင်ပြီဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်း ၊ရေလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လျက်ရှိသည်။ ဌာနဆိုင်ရာအဆောက်အအုံများ ၊ သာသနိကအဆောက်အအုံများ ၊ ဆေးရုံ ၊ ဆေးပေးခန်းများ၊ စာသင်ကျောင်းများ ၊ ကျေးလက်အိမ်ရာများ ၊ မြို့တွင်းကျောက်ချောလမ်း ၊ မြေသားလမ်းများ ပြုပြင်တိုးချဲ့ တည်ဆောက်ပေးလျက်ရှိသည်။
အထူးသဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ လမ်းကွန်ရက်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မအူပင်-ရေလဲကလေး-ရွှေတောင်မှော်-ကျိုက်ပိ- မော်လမြိုင်ကျွန်းလမ်း၊ မော်လမြိုင်ကျွန်း-လှိုင်းဘုန်း-သစ်ပုတ်-ကွင်းပေါက်-ပြင်စလူလမ်း၊ လပွတ္တာ-သင်္ဃန်းကြီး-ပြင်စလူလမ်း၊ ဘိုကလေး-ကြိမ်ချောင်း-ကဒုံကနိလမ်း၊ လပွတ္တာ-သုံးခွ-အုတ်တွင်း-ထိပ်စွန်းလမ်းတို့ကို ဖောက်လုပ်လျက်ရှိရာ မိုးမကျမီ မြေသားလမ်းများ ပြီးစီးရေးကြိုးပမ်းလျက်ရှိသည်။
ဧရာဝတီတိုင်းအတွင်း လေဘေးသင့်ဒေသများ၏ ထိခိုက်ပျက်စီးမှု ပမာဏမှာ ကြီးမားများပြားလှသော်လည်း ယခုအခါ ပြန်လည်ထူထောင်တည်ဆောက်မှုနှင့် စီးပွားရေးလုပ်ငန်းများ တိုးတက်မှုအရှိန်အဟုန် ရရှိနေပြီဖြစ်သည်။ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ၏ အားထုတ်လုပ်ကိုင်နိုင်မှု ၊ လမ်းပမ်း ဆက်သွယ်မှု တိုးတက်ကောင်းမွန်ရေး ကြိုးပမ်းဖော်ဆောင်ပေးမှုတို့ဖြင့် မြို့နှင့်ကျေးရွာများ ပိုမိုခေတ်မီဖွံ့ဖြိုးစည်ပင်လာမည် ဖြစ်ပါသည်။

No comments:
Post a Comment