စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးချုပ် လွန်းသီသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ အမှတ်(၄) ဓာတ်မြေသြဇာစက်ရုံ တည်ဆောက်ရေးစီမံကိန်း(မြောင်းတကာ) လုပ်ငန်းခွင်သို့ရောက်ရှိရာ စီမံကိန်းရှင်းလင်းဆောင်၌ စီမံကိန်းညွှန်ကြားရေးမှူးဦးအောင်မြင့်က လက်ရှိတည်ဆောက်လျက်ရှိသော စီမံကိန်းလုပ်ငန်း အခြေအနေကို ရှင်းလင်းတင်ပြပြီး ၀န်ကြီးက ယခု အမှတ်(၄)ဓာတ်မြေသြဇာစက်ရုံ တည်ဆောက်ရေးစီမံကိန်းအား သတ်မှတ်ကာလအတိုင်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်၊သတ်မှတ်အရည်အသွေးပြည့်မီစေရေးအတွက် အဆောက်အအုံပိုင်းရော၊စက်တပ်ဆင်မှုအပိုင်းများကိုပါ Technically စေ့စပ်သေချာစွာ အဖွဲ့များဖြင့် စနစ်တကျကြပ်မတ်သွားရန်နှင့် ငွေကြေးသုံးစွဲမှုအပိုင်းအား လုပ်ထုံးလုပ်နည်းနှင့်အညီ တိတိကျကျလိုက်နာဆေင်ာရွက်သွားကြရန် မှာကြားပြီး ရှေ့ဆက်လက်ဆောင်ရွက်သွားရမည့် အစီအစဉ်များကို အသေးစိတ်မှာကြားသည်။
ထို့နောက် ၀န်ကြီးသည် စီမံကိန်းဝင်းအတွင်းရှိ တည်ဆောက်လျက်ရှိသော Crushing and Screening Unit,Clarified Water Basin,Sub-Station များ၊Cooling Tower,Ammonia Compressor House နှင့် Cylinder Filling Unit အဆောက်အအုံများ တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပံ့ပိုးပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment