နိုင်ငံတော်အစိုးရက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင်အဓိကလိုအပ်သည့်စိုက်ပျိုးရေ လုံလောက်စွာရရှိစေရန် ဆည်တမံရေထိန်းတံခါးများ၊မြစ်ရေတင်စီမံကိန်းများနှင့်ဆည်၊ကန်၊တမံငယ်များစွာကိုနိုင်ငံတစ်ဝန်း၌ဖြန့်ကြတ် တည်ဆောက်ပေးနေသည်။မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားရပ်ဝန်းဒေသများတွင် ဒေသ၏ရေအရင်းအမြစ် ရရှိရေး စီမံကိန်း များစွာကို ဆက်လက်ကြိုးပမ်း ရှာဖွေဖော်ဆောင်လျက်ရှိသည်။
မကွေးတိုင်းအတွင်း၌ စိုက်ပျိုး မြေ ကျယ်ပြန့်စွာ ရှိသည်ဖြစ်ရာ စိုက်ပျိုးရေလုံလောက်စွာရရှိသည်နှင့်အမျှ နွေစပါး နှင့်သီးထပ်သီးနှံများပိုမိုစိုက်ပျိုးလာနိုင်ကြမည်ဖြစ်သည်။ တိုင်းအတွင်း စိုက်ပျိုးသီနှံထုတ်လုပ်မှုတိုး တက်မြင့်မား ရေးနှင့်ဒေသစိမ်းလန်းစိုပြည်ရေးအတွက်ဆည်၊ ကန်၊ တမံငယ်လုပ်ငန်းပေါင်း ၇၀ ကျော်ကိုတိုးချဲ့တည်ဆောက် ပေးလျက်ရှိသည်။
ပခုက္ကူုခရိုင် ဆိပ်ဖြူမြို့နယ်အတွင်း တည်ဆောက်ပြီးစီးနေသည့်ငချဉ်ရေလှောင်တမံကို ဒီဇင်ဘာလ ၂၄ ရက်နေ့  ကဖွင့်လှစ်ခဲ့သည်။မကွေးတိုင်းအတွင်း ၄၃ ခုမြောက်ရေလှောင်တမံဖြစ်သကဲ့သို့ နိုင်ငံတော်၏ ၂၁၇ ခုမြောက် ဆည်မြောင်းစီမံကိန်းလည်းဖြစ်သည်။
ယခုအခါရေစကြိုမြို့နယ်၊ပွင့်ဖြူမြို့နယ် နှင့်ဆိပ်ဖြူမြို့နယ် များအတွင်း ရေလှောင်တမံများတည်ဆောက်ပေးနိုင် မှုကြောင့်လယ်နှင့်ယာလုပ်ငန်းများကိုတွဲဖက်လုပ်ကိုင်၍ ငရုတ်၊၀ါ၊ပဲ ပြောင်းတို့ကိုသာအဓိကစိုက်ပျိုး ခဲ့ရာမှ ယခုအခါ မိုးစပါး၊ မိုးမြေပဲ၊ပဲတီစိမ်း၊နွေစပါး ၊ဆောင်းပဲတီစိမ်း တို့်ကို စိုက်ပျိုးလာနိုင်ကြပြီဖြစ်သည်။
မကွေးတိုင်း အတွင်းမုန်းချောင်းတစ်လျှောက်တည်ဆောက်နေသည့် ရေလှောင်တမံ စီမံကိန်းများတွင် ဘက်စုံစီမံကိန်း များလည်း ပါရှိရာဧရာဝတီမြစ် အနောက်ဘက်ကမ်း ဒေသများဖွံ့ဖြိုးရေး၊ စပါး၊ပဲအမျိုးမျိုး နှင့်ဆီထွက်သီနှံများစိုက်ပျိုးရေး၊ ဒေသစိမ်းလန်းစိုပြည်ရေးတို့်အတွက်ပါ အကျိုးပြုနိင်မည်ဖြစ်သည်။
ယနေ့အချိန်အခါတွင် နိုင်ငံတစ်ဝန်း၌ လယ်ယာစိုက်ပျိုး ရေးနှင့် စိမ်းလန်းစိုပြည်ရေး အကျိုးပြုဆည်တမံ၊ရေ ထိန်းတံခါးပေါင်းများစွာကိုနှစ်စဉ်တိုးချဲ့ တည်ဆောက်လျက်ရှိရာ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် တောင်သူလယ်သမားများက ဆည်ရေကိုအကျိုးရှိရှိ အသုံးပြုပြီး မိုးစပါး၊နွေစပါး၊ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ ပိုမိုစိုက်ပျိုးထွက်ရှိရေးကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ ။

No comments:
Post a Comment