Thursday, January 1, 2009

လေကြောင်းပညာသိပ္ပံကျောင်း အဆင်မြှင့်တင်ရေးနှင့့်် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ၀န်ကြီးဗိုလ်ချုပ်သိန်းဆွေ ကြည့်ရှု့စစ်ဆေး

ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်သိန်းဆွေသည် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လေကြောင်းပညာသိပ္ပံကျောင်း ဧည့်ခန်းမသို့ ရောက်ရှိရာ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလှိုင်က လေကြောင်းပညသိပ္ပံကျောင်း ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းနှင့် ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိသည့် မြို့ပြလေကြောင်းဆိုင်ရာ သင်တန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ လေကြောင်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဦးခင်မောင်ဦးက လေကြောင်းပညာသိပ္ပံကျောင်း၌ နှစ်စဉ်ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိသည့် သင်တန်းများ၊ သင်ကြားပို့ချပေးလျက်ရှိသည့် နည်းပြများ၊ သင်တန်းအလိုက် တက်ရောက်ခဲ့သည့် သင်တန်းသားဦးရေ၊ လေကြောင်းပညာသိပ္ပံကျောင်း အဆင့်မြှင့်တင်ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များ အပေါ် ၀န်ကြီးက သင်ကြားပေးမည့် ဆရာ၊ဆရာမများ အရည်အချင်းပြည့်မီစေရေးနှင့် နိုင်ငံတကာအဆင့်မီသင်တန်းဖြစ်အောင် ဖွင့်လှစ်မည့်သင်တန်းများအတွက် စီမံချက်ရေးဆွဲပြီး စနစ်တကျ ဆောင်ရွက်သွားရေးတို့ကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး စာသင်ဆောင်များနှင့် စာသင်ခန်းများကို လိုက်လံကြည့်ရှု့စစ်ဆေးသည်။
ဆက်လက်၍ ၀န်ကြီးနှင့်အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့ရေးစီမံကိန်းရုံးသို့ရောက်ရှိရာ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း လေယာဉ်ကွင်း အထူးစီမံကိန်းအဖွဲ့ ဒုတိယအင်ဂျင်နီယာချုပ်ဦးကျော်လှိုင်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့လေယာဉ်ပြေးလမ်းအပိုင်းတွင် မြေသားလုပ်ငန်းဆောင်ရွက်နေမှု၊မိုးရာသီ ရေတိုက်စားခဲ့သည့် မြေသားနေရာများတွင် အစားထိုး ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ၀န်ကြီးက မြေသားဖို့လုပ်ငန်းများ စံချိန်စံညွှန်းအညီဆောင်ရွက်ရန်၊စီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီးရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန် မှာကြားပြီးလုပ်ငန်းခွင်အတွင်း စက်ယန္တာရားကြီးများဖြင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု့စစ်ဆေးကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments: