Friday, June 19, 2009

ပူတာအို၊ မချမ်းဘောနှင့် လွမ်းမောဖွယ်ဆောင်းရက်များ

"ကချင်ပြည်နယ်ကိုလာပါ့.....ပျော်တယ်...ပျော်တယ်...ပျော်တယ်နော့"
ကချင်ပြည်နယ်သို့ ပထမဆုံးအကြိမ်ရောက်ဖြစ်ခဲ့သည့် ခရီးစဉ်အတွင်း အတူပါလာသော ဆရာသမားတစ်ဦး မကြာမကြာ ဆိုညည်းလေ့ရှိသော အထက်ပါသီချင်းတစ်ပိုင်းတစ်စကို ပြန်လည်ကြားယောင်မိတိုင်း ကချင်ပြည်နယ် မနောမြေကို ထပ်မံသွားချင်စိတ်များ တဖွားဖွားပေါ်လာမိသည်။

ကချင်ပြည်နယ်သို့ ပထမဆုံးတစ်ခေါက်ရောက်ဖြစ်ခဲ့သည်က ၂၀၀၉ ခုနှစ်ဖေဖော်ဝါရီ တတိယအပတ်ထဲမှာ ဖြစ်သည်။ ခရီးစဉ်အစအဆုံး ၁၂ရက်တိတိ ကြာမြင့်ခဲ့သော ထိုခရီးစဉ်မှာ ပင်ပန်းသလောက် စိတ်ပျော်ရွှင်မှု ရရှိခဲ့သဖြင့် ပြန်လည်တမ်းတ အောက်မေ့ချင်စရာ ခရီးတစ်ခုလည်းဖြစ်သည်။ ကချင်ပြည်နယ်အတွင်း အအေးပိုသော အချိန်ဖြစ်၍ ၀တ်ဆင်ခဲ့ရသည်ဖြစ်ရာ လွမ်းမောဖွယ် ဆောင်းရက်များဟု ဆိုချင်ပေသည်။
နေပြည်တော်မှ မန္တလေးသို့ မော်တော်ယာဉ်ဖြင့် သွားကာ မန္တလေးတွင် တစ်ညအိပ်ပြီး နောက်တစ်ရက် နံနက်ပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာ့လေကြောင်း ခရီးစဉ်ဖြင့် မြစ်ကြီးနားသို့ ခရီးဆက်ခဲ့ခြင်းဖြစ်သည်။

No comments: