Friday, September 18, 2009

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ITPEC စာမေးပွဲအကြောင်း ဟောပြောမည်


သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းကကြီးမှူး၍ ITPEC စာမေးပွဲအကြောင်းကို ကျောင်းသားကျောင်းသူများ နားလည်သိရှိစေရန် ရည်ရွယ်၍ စက်တင်ဘာ ၁၉ရက် နံနက် ၉နာရီခွဲမှမွန်းတည့် ၁၂နာရီ အထိ ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ မြန်မာ အင်ဖိုတက်ခ် အခန်း(၂၀၅)တွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးအောင်စိုးမိုးက ဂျပန်နိုင်ငံအပါအ၀င် နိုင်ငံပေါင်း ခုနစ်နိုင်ငံတို့မှ အသိအမှတ်ပြုမည့် IT ကျွမ်းကျင်မှုဆိုင်ရာ အရည်အချင်းစစ်
စာမေးပွဲ "ITPEC Exam အကြောင်း သိကောင်းစရာ" ခေါင်းစဉ်ဖြင့် ဟောပြောမည်ဖြစ်ပြီး ITPEC Exam တွင် မေးမြန်းမည့် Course Syllabus, ရရှိနိုင်မည့် အကျိုးကျေးဇူး၊ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပြည့်ပြည့်စုံစုံ ဆွေးနွေးသွားမည်ဖြစ်သည်။
အဆိုပါ ဟောပြောပွဲသို့ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းဝင်များ၊ ကွန်ပျူတာပညာ လေ့လာနေသူများနှင့် စိတ်ပါဝင်စားသူများ မည်သူမဆို အခမဲ့တက်ရောက်နိုင်ကြပြီး အသေးစိတ်သိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ရုံးခန်း အဆောင်(၄) အခန်း(၄) ဖုန်း-၆၅၂၂၇၆သို့ ဆက်သွယ်နိုင်ကြောင်းသတင်းရရှိသည်။

No comments: