Tuesday, September 22, 2009

သံပရာသီးကို ပုံမှန်စားသုံးပေးပါလျှင် ရုတ်တရက်လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်ဟုဆို

သံပရာသီးသည် ဗီတာမင်စီဓာတ် ပေါများစွာပါဝင်သော အသီးဖြစ်သည်။ ဓာတ်တိုးပစ္စည်း ချေဖျက်မှုနှင့် အန္တရာယ်ကြီးသည့် ဗိုင်းရပ်စ်များကို ချေဖျက်နိုင်သော အစွမ်းရှိသည်။
သံပရာသီးတွင် ပါဝင်သောဓာတ်များ၌ ၀မ်းရောဂါပိုးကို ဖျက်ဆီးနိုင်စွမ်းရှိပြီး ခန္ဒာကိုယ်တွင်းရှိ ရောဂါဗိုင်းရပ်စ်များကိုလည်း ချေဖျက်တားဆီးနိုင်ကြောင်းသိရသည်။
သံပရာသီး သို့မဟုတ် သံပရာရည်ကို နေ့စဉ် ပုံမှန်သောက်သုံးပေးပါက ရုတ်တရတ် လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ သွေးပေါင်မြင့်တက်နှင့် သွေးအတွင်း ကိုလက်စထရောများခြင်းကို ဟန့်တားကာကွယ်နိုင်သည်ဟု ဗြိတိသျှ ဆေးသိပံပညာရှင်များက ပြောကြားသည်။
ထို့အပြင် သံပရာဖျော်ရည်ကို နေ့စဉ်ပုံမှန်သောက်သုံးပေးပါက ခန္ဒာကိုယ်တွင်း ပျက်စီးနေသောဆဲလ်များနှင့် အဆိပ်ဓာတ်များကို ဖယ်ရှားနိုင်ပြီး ကျန်းမာရေးကို အထောက်အကူပြုစေကြောင်းသိရသည်။

No comments: